Thursday, July 31, 2014

ပြည်သူ့ပါတီမဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်း အမှတ်စဉ်(၂)တံတားဦး တွင်ဖွင့်လှစ်

တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး သင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲ အခမ်းအနားကို (၃၀-၇-၂၀၁၄) ရက်နေ့ နံနက် (၈း၃၀)အချိန် က တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ဆောင်ရွက်ခဲ့ သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၊ ကျောက်ဆည်ခရိုင် နယ်မြေတာဝန်ခံ ဦးသန်းထွန်းမှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်ပါတီ အတွင်းရေးမှူး ဦးအောင်မြင့်သန်း နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီ ယာယီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း နှင့် ပါတီကော်မတီဝင်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြကာ ပထမရက် သင်ခန်းစာများအား နည်းပြ ဒေါ်သိဂီင်္အောင် နှင့် ဦးသန်းထွန်း တို့မှ ပို့ချဆွေးနွေးခဲ့ကြသည်။
အဆိုပါ သင်တန်းအား သင်တန်းကာလ (၃)ရက် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း သား (၆၄)ဦး တက်ရောက် လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top