Monday, July 28, 2014

‘‘မြန်မာနိုင်ငံကို အများကြီးပေးဆပ်သွားချင်လို့ ဆုတစ်ခုတော့ ရအောင် ယူလာခဲ့မယ်’’

ကမ္ဘာ့ထိပ်တန်းအလှမယ် ပြိုင်ပွဲတစ်ခုဖြစ်သည့် မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်ရန် မယ်စကြ၀ဠာ  မြန်မာအလှမယ် အဖြစ် အသက် (၂၀) အရွယ် သျှားထွဋ်အိန္ဒြာ   ရွေးချယ်ခံခဲ့ရ သည်။ နှစ်ပေါင်း ၅၀ ကျော် ကြာမှ မြန်မာနိုင်ငံ မှ ပြန်လည်ယှဉ်ပြိုင် မှုအနေဖြင့် ၂၀၁၃ ခုနှစ်၌ မိုးစက်ဝိုင်က ရုရှားနိုင်ငံတွင် သွား ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင်မူ ဒုတိယမြောက်ပြန်လည်ယှဉ် ပြိုင်မှုအဖြစ် အမေရိကန်နိုင်ငံ တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မမျှော်လင့်ဘဲ မယ်စကြ၀ဠာ (မြန်မာ)သရဖူကို ရခဲ့သည်ဆို သော သျှားထွဋ်အိန္ဒြာနှင့် တွေ့ဆုံ ကာ သူမ၏ ရင်ခုန်သံများ ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
တစ်ကမ္ဘာလုံးမှာ အကြီးဆုံး အလှ မယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ မယ်စကြ ၀ဠာပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ခွင့်ရခဲ့ပြီဆို တော့ ကိုယ့်ကိုယ်ကိုယ်ဘယ် လောက်ယုံကြည်ထားလဲ။ ညီမပြိုင်ပွဲနဲ့ ပတ်သက်ပြီး ယုံကြည်မှုအပြည့်အ၀ထည့်ထား ပါတယ်။ နောက်ပြီးညီမကို နောက်ကနေ ကူညီပံ့ပိုးပေးတဲ့ ညီမရဲ့ မိ သားစု၊ Organization နဲ့ ပူးပေါင်းပြီး အစစအရာရာလိုလေသေးမရှိ အောင်၊ အဆင်ပြေအောင် ညီမ တို့နိုင်ငံရဲ့ သယံဇာတတွေ၊ ယဉ် ကျေးမှုအမွေအနှစ်တွေကို ဖော် ထုတ်နိုင်အောင် ပြင်ဆင်ထား ပါတယ်။ ဒီနှစ်ကို ပြီးခဲ့တဲ့နှစ်က သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်မိုးစက် ၀ိုင်နဲ့ နှိုင်းယှဉ်ပြီး အားမရဘူးဆို တဲ့ ဝေဖန်မှုတွေရှိခဲ့တာဆိုတော့ ပရိသတ်တွေရဲ့ အမြင်နဲ့ ပတ် သက်ပြီး ဘယ်လိုဖြေရှင်းချက် ပေးချင်လဲ။
ညီမခုချိန်ထိ Perfect မဖြစ် သေးဘူး။ အဲဒါကြောင့် ညီမကို အကြံပေးနိုင် ပါတယ်။ ဝေဖန် ပြော ဆိုနိုင်ကြပါ တယ်။ အဲဒီအကြံဉာဏ်တွေကို လက်ခံပြီး လိုအပ် ချက်တွေကို ဖြည့်ဆည်း သွား မယ်။ နောက်ပြီးဟိုမှာ သွားပြိုင် ရင်လည်း တခြားနိုင်ငံက အလှ မယ်တွေထက် မသာရင်တောင်မှ မနိမ့်အောင် အကောင်းဆုံးယှဉ် ပြိုင်သွားပါမယ်။ သွားရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ ကြီးမှာရော ပြီးခဲ့တဲ့နှစ်က ယှဉ် ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် မိုးစက်ဝိုင်ရဲ့ ဘယ်လိုအားနည်းချက်၊ ဘယ်လို အားသာချက်တွေကို အတုယူပြီး အကောင်းဆုံးပြင်ဆင်သွားမလဲ။ အစ်မ(မိုးစက်ဝိုင်)ကလည်း ညီမကို သင်ကြားပြသပေးတယ်။ အစ်မမှာကတော့ အားနည်းချက် ဆိုတာ မရှိပါဘူး။ သူက အရမ်း Perfect ဖြစ်တယ်။ ဒါပေမဲ့ ပြဿနာလေးတွေ ကြုံခဲ့ရတာဆို တော့ အဲဒီလိုပျြသနာ မကြုံ ရအောင် ကြိုးစားသွားပါမယ်။ မိုးစက်ဝိုင်တုန်းက ပြိုင်ပွဲမှာ လမ်း လျှောက်တာနဲ့ ပတ်သက်ပြီး အားနည်းချက် ရှိတယ် လို့ ထောက်ပြတာတွေရှိတော့ ညီမအတွက် ရော အဓိကလိုအပ်ချက်က ဘာ ဖြစ်မယ်လို့ထင်လဲ။
အဓိကလိုအပ်ချက်အနေနဲ့ ကတော့ အရပ်ကလေးဒီထက်ပို ထွက်ချင်တယ်။ မယ်စကြ၀ဠာပြိုင်ပွဲဆိုတာ ကမ္ဘာ မှာလည်း အကြီးဆုံးပြိုင်ပွဲတစ်ခု ဖြစ်တယ်။ လာရောက်ယှဉ်ပြိုင် မယ့်နိုင်ငံတွေကလည်း အများ ကြီးဆိုတော့ ညီမအတွက် ဘယ် လောက်စိန်ခေါ်မှုရှိတဲ့ ပြိုင်ပွဲတစ် ခုလို့ ပြောလို့ရလဲ။ ဒီပြိုင်ပွဲကြီးကို သွားပြိုင်ဖို့ အများကြီးမှန်းထားတယ်။ ညီမရဲ့  စိန်ခေါ်မှုအနေနဲ့ကတော့ ညီမရဲ့ အောင်မြင်မှု လမ်းကြောင်း တစ်ခု အနေနဲ့ မြန်မာနိုင်ငံကို အများကြီး ပေးဆပ်သွားချင်တယ်။ အဲဒီအ တွက် ဆု တစ်ခုတော့ ရအောင် ယူလာခဲ့မယ်။ တကယ်ကို ကြိုး ကြိုးစားစားနဲ့ သွားပြီး လိုလေသေးမရှိအောင် ယှဉ်ပြိုင်သွားမယ်။
မယ်စကြ၀ဠာစင်မြင့်က ညီမရဲ့ ငယ်ဘ၀အိပ်မက်တစ်ခုလို့ရော ပြောလို့ရနိုင်မလား။ ကိုယ့်ကိုယ် ကိုယ်ရော ဒီလိုပြိုင်ပွဲကြီးမှာပါဝင် ခွင့်ရမယ်လို့ စိတ်ကူးယဉ်ခဲ့တာ မျိုးရှိလား။ပြောလို့ရပါတယ်။ ငယ်ငယ် ကတည်းက ကိုယ့်နိုင်ငံကို ကိုယ် စားပြုပြီး ပြိုင်တဲ့ ကိုယ့်နိုင်ငံအ တွက် ပြန်ပေးဆပ်နိုင်တဲ့ အလှ မယ်တစ်ယောက်ဖြစ်ချင် ခဲ့တာ ပါ။ အဲဒါကြောင့် ညီမရဲ့ရည်မှန်း ချက်တွေကို ဖော်ထုတ်ခွင့်ရတဲ့ အတွက် လည်း ကျေးဇူးတင် တယ်။
အခုနောက်ပိုင်းမှာ အလှမယ်တွေ နဲ့ ပွဲကျင်းပတဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာ မပြေလည်မှုတွေ ကြားနေရတယ်။ ညီမပြိုင်ရမှာက ပရိသတ်အားပေးမှုအများဆုံးရရှိ နေတဲ့ မယ်စကြ၀ဠာပြိုင်ပွဲ ရဲ့ နိုင်ငံ ကိုယ်စားပြု    အလှမယ်တစ် ယောက်ဖြစ်တဲ့အတွက် အနေအ ထိုင်အပြုအမူတွေကို ဘယ်လိုနေ ထိုင် သွားမယ်လို့ ဆုံးဖြတ်ထား လဲ။
ညီမတို့ Miss တွေကိုမွေး ထုတ်ပေးတဲ့ Organization က ညီမတို့ရဲ့ ကျေးဇူးရှင်ပါ။ အဲဒီ ကျေးဇူးရှင်တွေနဲ့ အစစ၊အရာရာလက်တွဲသွားမယ်။ ကျေးဇူးရှင် ကိုပြန်ပြီး ကျေးဇူးဆပ်သွားမယ်။ အခုချိန်မှာ ညီမကနိုင်ငံ ကိုယ်စား ပြုအလှမယ်တစ်ယောက်ဖြစ်တဲ့ အတွက် အစစ၊အရာရာအသွား အလာ၊ အနေအထိုင်တွေ ဆင် ခြင်သွားပါမယ်။ ပြည်ပမှာ သွားပြိုင်ရမှာဆိုတော့ ဘာသာစကားပိုင်းနဲ့ ပတ်သက် ပြီး ဘယ်လိုပြင် ဆင်ထားလဲ။ ဘာသာစကားပိုင်းနဲ့ ပတ်သက်ပြီး တော့လည်း လက်ရှိအခြေအနေ ထက်ကောင်းအောင် လေ့လာ နေပါတယ်။ General Know-ledge (အထွေထွေဗဟုသုတ)ကောင်းအောင် လည်း လေ့လာနေပါတယ်။ မယ်စကြ၀ဠာဆုရခဲ့ပေမယ့် ပရိ သတ်ရဲ့ အားပေးမှုအပြည့် အ၀မရ သေးဘူး ဆိုတော့ ပြိုင်ပွဲကြီးသွား ပြိုင်တဲ့အခါ ပရိသတ်တွေရဲ့အား ပေးမှု အပြည့်အ၀ရရှိဖို့ ဘယ်လို ကြိုးစား သွားမလဲ။
ညီမကို ဘယ်လိုပဲပြောပြော လက်ခံနိုင်ပါတယ်။ ညီမကို ဝေ ဖန်ပေးကြပါ။ အကြံပေးနိုင်ပါ တယ်။ ပရိသတ်တွေ လက်ခံနိုင် တဲ့ အလှမယ်ဖြစ်အောင်လည်း ကြိုးစားသွားပါမယ်။ အလှမယ်နဲ့ ပရဟိတက ဆက်စပ် နေတာဆိုတော့ ဆုရတဲ့ဆု ကြေးထဲကနေ ပရဟိတအလှူ လုပ်သွားဖို့ရော အစီအစဉ်ရှိလား။ ပရဟိတကို ညီမ Miss ဖြစ်မှလုပ်မှာ မဟုတ်ပါဘူး။ အရင်က တည်းကလည်း လုပ်ဖြစ်ပါတယ်။ အခုတော့ Organization နဲ့ လက် တွဲပြီး ပရဟိတလုပ်ငန်းတွေ လုပ် သွားဖို့ရှိပါတယ်။ ဆုရတဲ့ ဆုကြေးထဲကလည်း လိုအပ်တဲ့နေရာ တွေကို လိုက်ပြီး ဖြည့်ဆည်းသွား ဖို့အစီအစဉ်ရှိပါတယ်။

 

No comments:

Post a Comment

back to top