Sunday, July 27, 2014

ရီယိုဒီဂျနေယိုမြို့မှာ နိုင်ငံတကာ ရွက်လွှင့်ပြိုင်ပွဲ ကျင်းပဖို့ ပြင်ဆင် 

ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေယိုမြို့ဟာ နိုင်ငံတကာ ရွက်လွှင့်ပြိုင်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီပြိုင်ပွဲဟာ (၂၀၁၆)အိုလံပစ်ပြိုင်ပွဲ ကျင်းပမယ့် ရီယိုမြို့အတွက် ပထမဆုံး စမ်းသပ်မှုပဲ ဖြစ်ပါတယ်။ 
ဒါပေမယ့် ပြိုင်ပွဲကျင်းပမယ့် ဂွာနာဘာရာပင်လယ်အော်ဟာ ရေထု ညစ်ညမ်းမှု မြင့်မားနေလို့ ပြိုင်ပွဲဝင် အားကစားသမားတွေအတွက် အန္တရာယ်ဖြစ်မှာကိုလည်း စိုးရိမ်နေကြရပါတယ်။ ညစ်ညမ်းနေတဲ့ ရေပြင်က (၂၀၁၆)အိုလံပစ်မှာ ရွက်လွှင့်ပြိုင်ပွဲ ကျင်းပမယ့်နေရာ ဖြစ်ပါတယ်။ အခုစမ်းသပ် ရွက်လွှင့်ပြိုင်ပွဲကို သြဂုတ်(၂)ရက်ကနေ (၉)ရက်အထိ ကျင်းပမှာပါ။ ဘရာဇီးလ် ဇီဝဗေဒပညာရှင် မာစယ်လိုရိုချာကတော့ "ရေပြင်ကို ညစ်ညမ်းစေတဲ့ အရာတွေက အများကြီးပါပဲ။ သတ္တုဓာတ်တွေ၊ ရေနံတွေ၊ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်လို ရောဂါဖြစ်စေတဲ့ ဇီဝရုပ်တွေ၊ အများကြီးပါပဲ။ အဲဒီညစ်ညမ်းတဲ့ရေနဲ့ ထိမိရင် အသည်းရောင် အသားဝါ(အေ)လို ကူးစက်ရောဂါတွေ ဖြစ်စေပါတယ်။ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှာ အနာဖြစ်စေနိုင်ပါတယ်"လို့ ပြောပါတယ်။ ဒီပြိုင်ပွဲက ရွှက်လွှင့်ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင်တွေ ရေကူးမှာမဟုတ်လို့ ပြဿနာ မရှိနိုင်ဘူးလို့လည်း အချို့က ပြောကြပါတယ်။

No comments:

Post a Comment

back to top