Tuesday, July 29, 2014

အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်မှုစတင် ဖြစ်ပွားနေပြီဖြစ်သည့် မြို့တော် ဖရီးတောင်း(Free Town)


အီဘိုလာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးဟာ ဆီရီယာလီနွန်နိုင်ငံ မြို့တော် "ဖရီးတောင်း"မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အီဘိုလာရောဂါပိုးကူးစက်ခံထားရတယ်လို့ ယူဆရတဲ့ ဆော်ဒါတူ ခိုရိုမာဆိုသူ အမျိုးသမီးဟာ ဆီရီယာလီနွန်မြို့တော် ဖရီးတောင်း ရှိ၊ ပြည်သူ့ဆေး ရုံမှာ သေဆုံးခဲ့ပါတယ်။အဆိုပါအမျိုးသမီးဟာ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံခဲ့ပေမယ့် သူမရဲ့ ဆွေ မျိုးတွေက ဆေးရုံကနေ ကြာသပတေးနေ့ တုန်းက အတင်းဆင်းခိုင်းခဲ့တာဖြစ်ပါတယ်။

 
ဒါပေမယ့် သူမကိုယ်တိုင်ဆေးရုံကို ပြန်လာကုသမှု ခံယူပြီးနောက် ဖေဖော်ဝါရီလကတည်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ၆၆၀ ကျော်သွားပြီဖြစ်ပါတယ်။ ရောဂါပိုးဟာ ဂီနီနိုင်ငံတောင်ပိုင်းမှာ စတင်ဖြစ်ပွား ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာမှ လိုက်ဘေးရီးယားနဲ့ ဆီရီယာ လီနွန်ကို ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။ လိုက်ဘေးရီးယားအမျိုးသား တစ်ယောက်ရောဂါပိုး ကူးစက်ခံရပြီး သေဆုံးတယ်ဆိုတဲ့ သတင်း အတည်ပြုပြီးတဲ့နောက်မှာ နိုင်ဂျီးရီးယားနိုင်ငံမှာတော့ အနီရောင် အဆင့် သတိပေးချက် ထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် လိုက်ဘေးရီးယားက ကျွမ်းကျင် ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ဆင်မြူရယ်ဘရစ်ဘိန်းဟာလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး (၃) ပတ်အကြာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
 

No comments:

Post a Comment

back to top