Wednesday, July 30, 2014

ထိုင်း ဝန်ကြီးချုပ် ဟောင်း ယင်လပ် အာဏာ အလွဲသုံးမှုဖြင့် တရား ရင်ဆိုင်ရမည်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာသည် ပြည်သူ့ ရန်ပုံငွေများကို ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက်
သုံးစွဲခဲ့သောကြောင့် သူမအား ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က အာဏာ အလွဲသုံးစား လုပ်သည်ဟု စွပ်စွဲခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ဇူလိုင် ၂၈ ရက်တွင်ပြောကြားခဲ့သည်။ ယင်လပ်နှင့် အပေါင်းပါများ ဖြစ်ကြသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်း ရှစ် ဦးနှင့် အမျိုးသားရဲတပ်ဖွဲ့ အရာရှိချုပ်တို့သည် အထွေထွေရွေးကောက်ပွဲတွင်အနိုင် ရရှိရေးအတွက် နိုင်ငံတစ်ဝန်းသို့သွားလာခဲ့ပြီး ၂ဝဝ၇ ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်မှုပြု လုပ်ခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ စုံစမ်းရေးအဖွဲ့က စွပ်စွဲပြောကြားမှုကို ဗန်ကောက် ပို့စ်သတင်းစာကဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင်ယင်လပ်သည် လယ်သမားများထံမှ  ဆန်စပါးများ ဝယ်ယူခဲ့ပြီး ငွေပေးချေခြင်းမရှိမှုနှင့်  စပ်လျဉ်း၍  အမျိုးသား အကျင့်ပျက်ခြစားမှုတိုက် ဖျက်ရေး ကော်မရှင်၏ စွပ်စွဲမှုကိုလည်း ခံနေရသူဖြစ်သည်။ယင်လပ်အနေဖြင့် ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိပါက သူမကို ထောင်ဒဏ်နှင့် နိုင်ငံရေး လုပ်ခွင့် ၅ နှစ် ပိတ်ပင် ခံရဖွယ်ရှိကြောင်း  အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေ  ကော်မရှင်က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ ၂ဝဝ၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပိုဒ် ၁၈၁ တွင်ဖော်ပြထား သည်မှာ အထွေထွေ ရွေးကောက်ပွဲကို တစ်စုံတစ်ရာ အကျိုး သက်ရောက်စေသည့် ဝန်ကြီးများ၏ သွားလာမှုများသည် နိုင်ငံတော် ငွေစာရင်းမှ သုံးစွဲခွင့်မရှိကြောင်းပါ ရှိသည်။

No comments:

Post a Comment

back to top