Thursday, July 31, 2014

ဒီးမော့ဆိုမြို့နယ် ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွား သင်တန်း ဆင်း

ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ဖွင့်လှစ် ခဲ့သော ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၁၄) ဆင်းပွဲ အခမ်းအနားကို (၃၀-၇-၂၀၁၄)ရက် နံနက်(၁၀း၀၀)အချိန်က မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ တက်ရောက်အမှာစကား ပြောကြားသည်။
“ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူတည် ဆောက်ပြီး၊ ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအနေနှင့်လည်း ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက်ပိုင်းလမ်း၊ တံတားကို ဦးစားပေးဆောင်ရွက်ခဲ့သဖြင့် ယနေ့ ပြည်နယ်အတွင်းသွားလာမှု မြန်ဆန်လွယ်ကူလျက် ရှိနေပြီဖြစ်ပါကြောင်း၊ ပါတီအနေနဲ့ကလည်း ပြည်သူရဲ့ အသံကို အမြဲမပြတ်နားထောင်ပြီး ဖြည့်ဆည်းပေးရန် ဤသင်တန်းကို ဖွင့်လှစ် သင်ကြားခဲ့ပြီးဖြစ်၍ လက်တွေ့နယ်ပယ်တွင် အသုံးချဆောင်ရွက်ကြစေ လိုကြောင်း” တို့ဖြင့် ပြောကြားသည်။
ယနေ့အခမ်းအနားသို့ ပြည်နယ်ကော်မတီဝင် ဦးဂျေကလက်၊ ဦးကျော်မြင့်၊ ဦးတင်ဦး၊ ဒေါ်မော်မော်ခိုင်နှင့် လွိုင်ကော်ခရိုင်ကော်မတီဝင်များ၊ ဒီးမော့ဆို မြို့နယ် အတွင်းရေးမှူး ဦးကျော်သန်းလေးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်(၁)ခု၊ ကျေးရွာအုပ်စု(၂၆)ခုတို့မှ သင်တန်းသား/သူ(၅၆)ဦးပါ စုစုပေါင်း (၇၀)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top