Monday, July 28, 2014

 ၂၀၁၄ အတွက် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာသရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းမှုတွေကိုငြင်းပစ်လိုက်တဲ့ မိုးဟေကို

ညှို့အားပြင်းတဲ့အကြည့်တွေ၊ ပုရိသတွေ သဘောကျရလောက်တဲ့ ခန္ဓာကိုယ်အချိုးအစား နဲ့ ခေတ်အလိုက် အထာကျအောင် ဆင်မြန်းနိုင်တဲ့ ဖက်ရှင်ကြောင့် မိုးဟေကို ဆိုတဲ့ နာမည်တစ်လုံးကို မကျအောင် ထိန်းထားနိုင်ခဲ့တဲ့ သူမဟာ ခုနောက်ပိုင်း လာငှားတဲ့ဇာတ်တိုင်းကို လက်မခံတော့ပဲ ကိုယ့်အတွက်ကျန်မယ့် ဇာတ်ကားတွေကိုသာ သေချာစီစစ်ရွေးချယ်လာတာမို့ အဲ့ဒါနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါ “မိုးက ခုနောက်ပိုင်းမှာ အရင်ကထက်ပိုပြီးဇာတ်လမ်းလေးတွေကို စီစစ်ပြီးရွေးချယ်ဖြစ်တယ်။ သတ်မှတ်ချက်တွေ နဲ့လဲရွေးဖြစ်တယ်။
ဒါကတော့မိုးတစ်ယောက်တည်းမှမဟုတ်ပါဘူး။ အနုပညာရှင်တိုင်းပါပဲ။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်ခံယူချက်ခြင်းတော့မတူဘူးပေါ့နော်။ အဲ့ဒီအတွက် ကိုယ်ကလဲ ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲ လာငှားတဲ့ ဇာတ်ရုပ်တွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး ရွေးချယ်ဖြစ်ပါတယ်။ မိုးကို လာငှားတဲ့ ဇာတ်ရုပ်တွေမှာ ဗန့်ဆန်တာနည်းတယ်။ ဘယ်လိုကာရိုက်တာပဲဖြစ်ဖြစ် ပရိသတ်ကြိုက်မယ်လို့ထင်တဲ့ ဇာတ်လမ်းတွေကိုတော့ ဦးစားပေးရွေးချယ်ဖြစ်တာပေါ့နော်။
တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီးတော့လဲ အဲ့ကားလေးကကို ရင်ခုန်မိတယ်ဆိုတာထက် ကားတစ်ကား ရောက်လာပြီဆိုရင် ကိုယ်ဘယ်လို အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်မလဲဆိုတာကို အရင်စဉ်းစားပါတယ်။”လို့ သူမက ပြောပါတယ်။
တစ်ခုဆိုတစ်ခု သေချာအာရုံစိုက်ပြီး လုပ်လေ့ရှိတဲ့ သူမက ရုပ်ရှင်ကားကြီးတွေရော၊ ဂီတပိုင်းဆိုင်ရာ ကမ်းလှမ်းမှုတစ်ချို့ကိုပါ ငြင်းပစ်လိုက်တယ်ဆိုတဲ့ အကြောင်းကိုလည်း သူမက “ခု၂၀၁၄ ထဲမှာတော့ မိုးမကြိုက်လို့ ငြင်းပစ်လိုက်တဲ့ ရုပ်ရှင်ကားတွေရှိပါတယ်။ မိုးကတော့ ပရိသတ်အတွက်ပဲအကောင်းဆုံး စဉ်းစားရွေးချယ်ပြီး ရိုက်ပါတယ်။ ၂၀၁၄ထဲမှာပြောထားတဲ့ ရုပ်ရှင်ကားတွေအကုန်လုံး ကို ငြင်းပစ်လိုက် တာမျိုးပဲ ရှိပါတယ်။ နောက် ဂီတပိုင်းမှာဆိုရင်လည်း မိုးကို ရှိုးပွဲတွေ လာကမ်းလှမ်းတာမျိုး ရှိတယ်။ နိုင်ငံခြား ဖျော်ဖြေပွဲတွေကိုလဲ လာကမ်းလှမ်းပါတယ်။ မိုးအချိန်မရတဲ့ အတွက်အားလုံး ကို ငြင်းခဲ့ ပါတယ်”တဲ့။

No comments:

Post a Comment

back to top