Wednesday, July 30, 2014

သရက်မြို့နယ်တွင် ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွား သင်တန်း(၁/၂၀၁၄) ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ပါတီကော်မတီက ဦးစီးဖွင့် လှစ်သည့် ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေးဆင့်ပွားသင်တန်း (၁/၂၀၁၄) ဖွင့်ပွဲ အခမ်း အနားကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားတွင် အရန်ပါတီကော်မတီဝင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ယဉ်လှက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ပါတီကော်မတီအတွင်းရေးမှူး ဦးဆလိုင်းဆန်းက သင်တန်း စည်းကမ်း များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၄၂ ဦးနှင့် သင်တန်းသူ ၁၅ ဦးတို့ကို ယခုလ ၂၈ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်ပို့ချ ပေးမည်ဖြစ်ပြီး သင်တန်းအပတ်စဉ်(၁)နှင့် (၂)တွင် မြို့ပေါ်ရှစ်ရပ်ကွက်မှ သင်တန်းသား သင်တန်းသူ ၈၀၊ သင်တန်း အပတ်စဉ်(၃) နှင့် (၄) တွင် ကျေးရွာအုပ်စု ၅၃ အုပ်စုမှ သင်တန်းသားသင်တန်းသူ ၁၀၀ တို့အား ပါတီနိုင်ငံရေး၊ ဒီမို ကရေစီအုပ်ချုပ်ရေးဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လက်ရှိလွှတ်တော်နိုင်ငံရေး အသွင်ကူပြောင်း ရေးကာလတွင် တွေ့ကြုံ ရသည့်အခက်အခဲများနှင့် ဆောင်ရွက်မှုများကို နားလည်သဘောပေါက်ပြီး နိုင်ငံတော်တည် ဆောက်ရေးတွင် ပါဝင် ဆောင်ရွက်လာနိုင်ရေးကို ရည်ရွယ်ဖွင့်လှစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top