Thursday, July 31, 2014

MH 17 လေယာဉ်ပျက်ကျခဲ့ရသည့် အကြောင်းရင်း


ယူကရိန်းနိုင်ငံတွင်းရှိ လုံခြုံရေးအရာရှိတွေက မလေးရှားလေကြောင်းလိုင်းလေယာဉ် MH 17 ဟာ ဒုံးကျည်တစ်ခုကနေထွက်လာတဲ့ အပိုင်းအစမှန်ပြီး လေဖိအားလျော့နည်းကာ ပျက်ကျခဲ့တာ ဖြစ်တယ် လို့ ပြောကြားလိုက်ပါတယ်။ ယူကရိန်းလုံခြုံရေးအရာရှိ အန်းဒရေးလော်ဆန်ကိုက မလေးရှားလေကြောင်း လိုင်းလေယာဉ် MH 17  ဟာ ဒုံးကျည်တစ်စင်းကနေ စင်ထွက်လာတဲ့အပိုင်းအစ တစ်ခုမှန်ပြီး လေဖိ အားလျော့နည်း ကာ ပျက်ကျခဲ့တာဖြစ်တယ်လို့ သတင်းထောက်တွေကို တနင်္လာနေ့ တုန်းကပြောကြား လိုက်ပါတယ်။

 
ယူကရိန်းအရာရှိတွေကတော့ သူတို့ဟာ လတ်တလောမှာ ဗြိတိန်ကျွမ်းကျင်သူတွေ စစ်ဆေးနေတဲ့ MH 17  ဘလက်ဘောက်စ်တွေကနေရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး အခုလို ပြောကြား တာဖြစ်တယ်လို့လည်း ပြောပါတယ်။ လေယာဉ်ကို ဘယ်သူက ပစ်ချခဲ့တယ်ဆိုတာ ကြောင့်  ကွဲကွဲပြားပြား မသိရှိရသေးပေမယ့် ယူကရိန်းအစိုးရနဲ့ ရုရှားခွဲထွက်ရေးသမားတွေကတော့ တစ်ဦးနဲ့တစ်ဦးပြစ်တင်ဝေ ဖန်ထားကြပါတယ်။ လေယာဉ်ပျက်ကျရာ နေရာမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ နယ်သာလန်က ကျွမ်းကျင်သူ တွေကတော့ ယူကရိန်းရဲ့ သတင်းထုတ်ပြန်ခြင်းနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာဝေ ဖန်ပြောကြားခြင်းမရှိသေးပါဘူး။
 
ဒါ့အပြင် လေယာဉ်ပျက်ကျမှုနေရာ အနီးတ၀ိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံတွေက ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာကို ၀င်ရောက်နိုင်ချင်းမရှိသေးဘူးလို့ သိရပါတယ်။ ယူကရိန်း အစိုးရကတော့ ခွဲထွက်ရေးသမား တွေခြေကုတ် ယူထားတဲ့ လေယာဉ်ပျက်ကျရာနေရာအနီးက မြို့ငယ် ၂ မြို့ကို ပြန်လည်ထိန်းသိမ်းပြီးပြီဖြစ်တယ်လို့ တနင်္လာနေ့တုန်းက ပြောကြားထားပါတယ်။

No comments:

Post a Comment

back to top