Thursday, July 31, 2014


နိုင်ငံတကာကုမ္ပဏီများကို စက်သုံးဆီ တင်သွင်းရောင်းချခွင့် ပြုသွားမည်



ဓာတ်ဆီနှင့် ဒီဇယ်ဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကို နိုင်ငံတကာကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင် သွားရန် မကြာမီတင်ဒါခေါ်သွားမည်ဟု မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး
လုပ်ငန်းမှ တာဝန်ရှိသူ ကပြောသည်။



"လေယာဉ်ဆီနည်းတူ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ တင်သွင်းတာ၊သိုလှောင်တာ၊ ဖြန့်ဖြူးရောင်းချ တာတွေကို ဖက်စပ်လုပ်သွားဖို့ရှိတယ်။ လာမယ့် နှစ်လ၊ သုံးလအတွင်း တင်ဒါခေါ် သွားမယ်" ဟု မြန်မာ့ရေနံထွက် ပစ္စည်းရောင်း ၀ယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောသည်။

လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးကွက်၏ အရည်အသွေးနှင့် ဈေးနှုန်းပိုင်းအား ထိန်းချုပ်နိုင်မှုအားနည်းခြင်းကြောင့် နိုင်ငံ တကာ ကုမ္ပဏီများအား ဖိတ်ခေါ်လုပ်ကိုင်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

"နိုင်ငံတကာကုမ္ပဏီတွေ ၀င်လာရင် ဈေးကွက်အတွင်းမှာ အရည်အသွေးအရ ရော၊ ဈေးနှုန်းအရရော ပြိုင်ဆိုင်မှု ပြင်း ထန် လာမယ်။ အဲဒါဆို ယုံကြည်စိတ်ချရတဲ့ ဈေးကွက်ဖြစ်လာမယ်"ဟုလည်း ဦးမြင့်ဇော် က ပြောသည်။

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းက လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းကိုလည်း နိုင်ငံ တကာ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် မေလအတွင်းက တင်ဒါခေါ်ယူခဲ့ရာ လက်ရှိတွင် အကြို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများစာရင်းကို ထုတ်ပြန်ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးကွက်တွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ ကုမ္ပဏီများကလည်း စိတ်ဝင် စားနေပြီး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း တွင် လက်ရှိလုပ်ကိုင်နေကြသည့် ပြင်သစ် နိုင်င မွှသအေူ နှင့် မလေးရှားနိုင်ငံမှ ဏနအမသညျေ ကုမ္ပဏီတို့သည် ရင်းနှီးမြှုပ်နှံခွင့်ရရန် မျှော်မှန်းထားကြောင်း ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်တွင် ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချနေသည့် Puma စွမ်းအင်ကုမ္ပဏီ ကလည်း မြန်မာနိုင်ငံ တွင် လေယာဉ်ဆီနှင့် စက်သုံးဆီဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းကိုကျယ်ကျယ်ပြန့်ပြန့်ဆောင် ရွက်ရန် ပြင်ဆင်လျက်ရှိသည်။ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များကို ကြီးကြပ် ကွပ်ကဲရာ၌ စက်သုံးဆီအချိန်အတွယ်ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်သော်လည်း အရည်အသွေးပိုင်း ဆန်းစစ်ချက်တွင် အားနည်းနေသည် ကိုတွေ့ ရှိရကြောင်းမြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းက ပြီးခဲ့သည့်နှစ်တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင် သတ်မှတ် အခြင်အတွယ်ပြည့်မီခြင်းမရှိသည့် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် များကို စစ်ဆေးအရေးယူခဲ့သည့်နည်းတူ နိုင်ငံတကာ စံချိန် စံညွှန်းနှင့်အညီ ရောင်းချရေးအတွက် လည်း ခေတ်မီ ဩဘငူနူဘေ ကားများဖြင့် စစ်ဆေး ဆောင်ရွက်ရန် စွမ်းအင်ဝန်ကြီးဌာနက စီစဉ် ခဲ့သည်။

အစိုးရသစ်တက်လာပြီးနောက် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းကလုပ်ကိုင်လျက်ရှိသည့် နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင်များကို ပုဂ္ဂလိကသို့ စတင်လွှဲပြောင်းရောင်းချခဲ့ပြီးပုဂ္ဂလိက စက်သုံးဆီတင်သွင်း ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ခွင့်ပြုခဲ့
ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်ပမှစက်သုံးဆီတင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းကို ထူးလုပ်ငန်းစုပိုင်ရှင် ဦးတေဇ ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသည့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူး ရောင်းချရေးအသင်းကတာဝန်ယူ ဆောင် ရွက်နေခြင်းဖြစ်ပြီး ၎င်းအသင်းအား ပြည်တွင်း မှ ပုဂ္ဂလိကကုမ္ပဏီ ၅၀ ကျော်ပါဝင်ဖွဲ့စည်း ထားသည်။ သုံးစွဲမှုမြင့်တက်လာသော ပြည်တွင်း စက် သုံးဆီဈေးကွက်တွင် လက်ရှိရောင်းချလျက်ရှိ သော နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၁၂ ဆိုင်နှင့် ပုဂ္ဂလိကပိုင် ၁,၀၀၀ ကျော်ရှိကာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း အဆင့်မြင့် ဓာတ်ဆီတင်သွင်းမှု ဂါလန်သန်း ၄၀ ကျော် နှင့်ဒီဇယ် တင်သွင်းမှု ဂါလန်သန်း ၁၆၀ ကျော် ရှိခဲ့သည်။

No comments:

Post a Comment

back to top