Monday, July 28, 2014

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ပါတီဥက္ကဋ္ဌတက် ရောက်အားပေး

ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမဆောင်၌ ဇူလိုင် ၂၆ ရက်နေ့ နံနက် ၈ နာရီက ပြည်သူ့ပါတီမဟာဗျူဖော်ဆောင်ရေးဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၁၄)ဖွင့် ပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အားပေးပြီး ပါတီဝင်များအနေဖြင့် ပြည်သူများ၏ယုံကြည်အားကိုးမှုကို ရရှိရန်ကြိုးပမ်းဆောင်ရွက်ကြရမည်ကြောင်း အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု နယ်မြေအတွင်းရေးမှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဒေါ်သီတာထွေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဖေအံ့မောင်နှင့် ကော်မတီဝင်များ၊ အကြံပေး ဦးခင်မောင်ထွန်း၊ နေပြည်တော်ရှစ်မြို့ နယ်မှ ပါတီအတွင်းရေးမှူးများနှင့် သင်တန်းသား သင်တန်းသူ ၆၄ ဦးတက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကားပြောကြားရာတွင် မိမိတို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ဖွဲ့စည်းတည်ထောင်ထားသည်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် မဟုတ်ကြောင်း၊ ပြည်သူတွေအတွက်၊ နိုင်ငံတော်အတွက် အကျိုးစီးပွားဖြစ်ထွန်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက် ပေးရန် ဖွဲ့စည်းတည်ထောင်ထားသည့်ပါတီဖြစ်ကြောင်း၊ မိမိတို့ပါတီဝင်များကလည်း ပြည်သူများနှင့် တစ်သားတည်း ဖြစ်နေပြီး ပြည်သူများ၏ထောက်ခံမှု ယုံကြည်အားကိုးမှုများကိုရရှိရန်လိုအပ်ကြောင်း စသည်ဖြင့်အကျယ်တ၀င့်ပြော ကြားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးခင်မောင်ဌေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

No comments:

Post a Comment

back to top