Monday, July 28, 2014

ဘဏ်လုပ်ငန်း လုပ်ကိုင်မည့် ပြည်ပ ဘဏ်များကို အကန့် အသတ်ဖြင့်သာ လုပ်ကိုင်ခွင့် ပြုမည်

မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်း လုပ်ကိုင်မည ပြည်ပဘဏ်များကို အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ   တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ပြည်ပဘဏ်များကို အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် ဝန်ဆောင်မှု အပြည့်အဝ မရရှိမည်ကို အများပြည်သူများ စိုးရိမ်လျက်ရှိကြောင်းနှင့် ငွေကြေးဝန်ဆောင်မှု ကဏ္ဍများတွင် လက်ရှိ မြန်မာနိုင်ငံ အတွင်းရှိ ဘဏ်များမှာ အပြည့်အဝ  ဝန်ဆောင်မှုပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဗဟိုဘဏ်မှ လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ကိုင်ခွင့်ရရန် လျှောက်ထားသော ပြည်ပဘဏ် အများအပြားရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ပေးအပ်ရန်  ထည့်သွင်းစဉ်း စားမည့်  နိုင်ငံခြားဘဏ် ၂၅ ခုအထိရှိကြောင်း၊ ပြည်တွင်း၌ ဘဏ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အရည် အချင်းပြည့်မီသော နိုင်ငံခြား ဘဏ် ၃ဝ ရှိပြီး ဇူလိုင် ၁၄ ရက် နောက်ဆုံးပေးပို့ရမည့် သတ်မှတ်ချက်မတိုင်မ Request For Proposal(RFP) ပေးပို့လာသည့် ဘဏ် ၂၅ ခုရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသားများ ဘဏ် လီမိတက်အနေဖြင့်လည်း နိုင်ငံခြားဘဏ် များနှင့် မကြာမီ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့်၂ဝ၁၄-၂ဝ၁၅  ဘဏ္ဍာနှစ်အတွင်း ထည့်ဝင်ပြီး မတည်ငွေရင်းကို ဘီလီယံ ၅ဝ အထိ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။     

No comments:

Post a Comment

back to top