Monday, July 28, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ပါတီအတွင်း ရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးမောင်မောင်သိမ်းသည် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ မြို့နယ်ပါတီအတွင်းရေးမှူးများနှင့် တွေ့ဆုံသည်။
ယင်းတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်လေးခုမှ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီအတွင်းရေးမှူးများတက်ရောက်သည်။


တွေ့ဆုံပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူးက ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထံသို့ အခမဲ့မျက်စိခွဲစိတ်ရန် အမည်စာရင်းပေးသွင်းထားသည့် မျက်စိဝေဒနာရှင်များကို အခမဲ့ စမ်းသပ်ခွဲစိတ်ပေး မည့်ဖောင်ဒေးရှင်းများနှင့် ညှိနှိုင်း၍စာရင်းလက်ကျန်မရှိ ခွဲစိတ်ကုသပေးနိုင်ရေးအတွက်လည်းကောင်း၊ တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်ကျင်းပရေးအတွက်လည်းကောင်း၊ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင် ရေးသင်တန်းများဖွင့်လှစ်ရေးအတွက်လည်းကောင်း အကျယ်တ၀င့်ရှင်းလင်းဆွေးနွေးမှာကြားသည်။

No comments:

Post a Comment

back to top