Thursday, July 31, 2014

အင်တာမီလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ မန်ယူ အနိုင်ရ 



နည်းပြဗန်ဟားရဲ့ ကစားကွက် အသစ်နဲ့အတူ ရာသီကြိုပွဲစဉ်တွေမှာ နိုင်ပွဲရနေတဲ့ မန်ယူအသင်းဟာ အင်တာနေရှင်နယ် ချန်ပီယံများဖလား အုပ်စုဒုတိယပွဲမှာ အင်တာမီလန်နဲ့ ကစားခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရသွားပါတယ်။
မန်ယူအသင်းမှာ လင်ဒီဂတ်၊ အက်ရှ်လေယန်း၊ မာတာ၊ ရူနီ၊ ၀ဲလ်ဘက်စတဲ့သူတွေပါဝင်ခဲ့ပြီး ၃-၅-၂ပုံစံနဲ့ပဲ ပွဲထွက်ခဲ့သလို အင်တာမီလန်မှာလည်း ဟန်ဒါနိုဗစ်၊ ရာနော့ချီယာ၊ အမ်ဘရိုစီယို၊ ကက်ဇ်မန်နိုဗစ်၊ အီကာဒီတို့ ပါဝင်ခဲ့ပြီး နောက်ခံလူ ဗီဒစ်ကလည်း အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကာဂါဝါ၊ လုခ်ရှော၊ ဇာဟာ၊ နာနီတို့ မန်ယူအတွက် ၀င်ကစားခဲ့သလို အင်တာအတွက်လည်း အမ်ဗီလာ၊ နာဂါတိုမိုစတဲ့သူတွေ လူစားဝင်ခဲ့ပေမယ့် ဂိုးမရှိသရေပွဲ ဖြစ်နေလို့ ပင်နယ်တီ ဆက်ကစားခဲ့ရပါတယ်။ (၅)လုံးစီ ကန်သွင်းရာမှာ မန်ယူဘက်က ယန်း၊ ဟာနန်ဒက်ဇ်၊ ကလီဗာလေ၊ ကာဂါဝါ၊ ဖလက်ချာတို့(၅)ဦးလုံး ဂိုးဝင်အောင် သွင်းနိုင်ပြီး အင်တာဘက်က (၃)လုံးသာဝင်လို့ မန်ယူက ပင်နယ်တီ (၅)ဂိုး(၃)ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ သြဂုတ်(၃)ရက်မှာ ရီးရဲလ်နဲ့ ကစားရမှာ ဖြစ်သလို အင်တာကလည်း သြဂုတ်(၂)ရက်မှာ ရိုးမားနဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်တွေကို ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top