Tuesday, July 29, 2014

တိုးဒီဖရန့် စက်ဘီးစီး ပြိုင်ပွဲမှာ နီဘာလီ ဗိုလ်စွဲ  


တိုးဒီဖရန့် ပြင်သစ်ခရီးရှည် စက်ဘီးစီးပြိုင်ပွဲမှာ ပြိုင်ပွဲတစ်ရပ်လုံးရဲ့ ချန်ပီယံဆုကို အီတလီနိုင်ငံသား ဗင်စင်ဇိုနီဘာလီက ရရှိသွားပါတယ်။

သူကအဆင့်လိုက်မှာ အဆင့်(၄)ဆင့်ကို ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အဆင့်(၂၁)ဆင့် ပေါင်းမှာတော့ နီဘာလီက (၈၉)နာရီ (၅၉)မိနစ်(၀၆)စက္ကန့်နဲ့ (၂၀၁၄)တိုးဒီဖရန့် ချန်ပီယံဆု ရသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် နီဘာလီဟာ တိုးဒီဖရန့် ချန်ပီယံဆုရ ပထမဆုံး အီတလီနိုင်ငံသားအဖြစ် မှတ်တမ်း ၀င်သွားပါတယ်။ သူ့နောက်မှာတော့ ပြင်သစ်နိုင်ငံသား ယန်းခရစ်တို့ဖ်ပီရောက်က (၇)မိနစ်(၃၇)စက္ကန့်အကွာနဲ့ ဒုတိယရပြီး ပြင်သစ်နိုင်ငံသားပဲဖြစ်တဲ့ သီဘောက်ပီနော့က (၈)မိနစ်(၁၅)စက္ကန့်အကွာနဲ့ တတိယ ရပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်ဖြစ်တဲ့ အဆင့်(၂၁)ကို တနင်္ဂနွေနေ့က ကျင်းပပြီး အီဗရီမြို့ကနေ ပဲရစ်မြို့အထိ (၁၃၇ဒသမ၅)ကီလိုမီတာခရီးကို ပြိုင်ရပါတယ်။ အဲဒီအဆင့် (၂၁)မှာတော့ ဂျာမနီနိုင်ငံသား မာစယ်ကစ်တယ်က (၃)နာရီ(၂၀)မိနစ်(၅၀)စက္ကန့်နဲ့ ပထမရပါတယ်။ အဲဒီစံချိန်နဲ့ပဲ နော်ဝေနိုင်ငံသား အလက်ဇန်ဒါးခရစ် တော့ဖ်က ဒုတိယနဲ့ လစ်သူယေးနီးယားနိုင်ငံသား နာဗာဒါကက်စ်က တတိယ ရပါတယ်။

No comments:

Post a Comment

back to top