Monday, July 28, 2014

ပြည်သူ့ပါတီမဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်းဖွင့်ပွဲ ခရမ်းမြို့ နယ်၌ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ပါတီ မဟာ ဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း(၇/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း တက်ရောက်အားပေး သည်။
ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် သိမ်းနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင် ကော်မတီဝင်များ၊ မြို့နယ်ကော်မတီများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
" ကျွန်တော့်အနေနဲ့ ခရမ်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ၀န်ကြီးတာဝန်ယူတဲ့ အချိန်ကတည်းက စလုပ်ခဲ့တယ်။ တတ်နိုင်တဲ့အချိန်မှာ ဒေသဖွံ့ဖြိုးမှုတွေ၊ ဒေသလိုအပ်ချက်တွေကို လုပ်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အသင်းဖွဲ့ ကတည်းက တစိုက်မတ်မတ်လုပ်ခဲ့တယ်။ မိမိတို့လုပ်ခဲ့တဲ့ အါမျိုးသားနိုင်ငံရေးဟာ ဒါကို အခြေခံပြီးလုပ်ခဲ့တယ်" ဟု ဦးမောင်မောင်သိမ်းက အဖွင့်အမှာစကားပြောသည်။

"သင်တန်းက သင်ကြားပို့ချမှုတွေနဲ့ ပြည်သူတွေကို မိမိတို့ပါတီရဲ့ အကြောင်းအရာတွေ၊ မိမိတို့ပါတီရဲ့ သဘောထား ကိုပြောစေချင်ပါတယ်။ ပြည်သူနဲ့ ထိတွေ့စေချင်ပါတယ်။ ပြည်သူနဲ့ ထိတွေ့စေချင်ပါတယ်။ စည်းရုံးစေချင်ပါတယ်။ စည်းရုံးတဲ့အခါမှာလဲ အကောင်းဆုံးက စိတ်ရှည်သည်းခံနိုင်ဖို့လိုပါတယ်။ ကိုယ်နဲ့ဆန့်ကျင်ဘက်လူဖြစ်ရင်လဲ ရန်ပြု ရန်မလိုဘဲ နှုတ်ဆက်ပြရန်လိုတယ် " ဟု ၎င်းက သင်တန်းသားများကို မှာကြားသည်။

အဆိုပါ ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေးသင်တန်းသို့ ကျေးရွာ ၆၅ အုပ်စုမှ သင်တန်းသား ၁၃၀ တက်ရောက်ပြီး သင်တန်းဆရာ ၁၅ ဦးက သင်ကြားပို့ချမည်ဖြစ်သည်။

No comments:

Post a Comment

back to top