Friday, July 25, 2014

ခက်ခဲပင်ပန်းတယ်ဆိုတဲ့ ရန်ရန်ချန်းရဲ့ ဒါရိုက်တာအတွေ့အကြုံ

စန္ဒီမြင့်လွင်၏ ကလီယို ပါထရာစီးရီးမှ   'Ready For Jumpping' သီချင်းကို ဒါရိုက်တာ အဖြစ် ပထမဆုံး အကြိမ်ရိုက်ကူး ခဲ့ရာ ကျွမ်းကျင်သည့် အလုပ်တစ် ခုမဟုတ်သောကြောင့် ခက်ခဲ သလို စိတ်ပင်ပန်း ခဲ့ရကြောင်း ရန်ရန်ချန်းက ပြောသည်။
‘‘ဒီသီချင်းစတည်ကတည်း က ကိုယ်ပဲစတည်တာဆိုတော့ ဒီးဒီက အစ်ကိုလုပ်ချင်တာတွေကို ဒါရိုက်တာ ကိုပြောနေရမှာနဲ့စာ ရင် အစ်ကိုပဲလုပ်ပေးလိုက်တော့ ဆိုလို့ လုပ်ဖြစ်သွားတာ။ ကျွန် တော် ဒါရိုက်တာပေမယ့် အကုန် လုံးဝိုင်းစဉ်းစားပြီး လုပ်လိုက်ကြ တာ’’ဟု ၎င်းက ပြောသည်။
ကိုယ်တိုင်ကျွမ်းကျင်သည့် အလုပ်တစ်ခု    မဟုတ်သော ကြောင့် ခက်ခဲမှုများရှိသလို စိတ် ပင်ပန်းမှုများ လည်းရှိပြီး ဒါရိုက် တာအဖြစ် သီချင်းများဆက်လက် ရိုက်ကူးရန်လည်း အစီအစဉ်မရှိ ကြောင်း ၎င်းက ပြောသည်။
ယင်းသီချင်းရိုက်ကူးမှုတွင် အနုပညာလောကမှ သူငယ်ချင်း တော်တော်များများ ပါဝင်သရုပ် ဆောင်ပေး ထားပြီး ဒါရိုက်တာ အဖြစ် ပထမဆုံးရိုက်ကူးမှုဖြစ် သောကြောင့် ယင်းသီချင်းထွက် ရှိလာမည်ကို ပရိသတ်များနှင့် အတူ ၎င်းကိုယ်တိုင်လည်း ရင် ခုန်စွာမျှော်လင့်နေကြောင်း  ရန် ရန်ချန်းက ပြောသည်။
၎င်းဒါရိုက်တာအဖြစ် ရိုက် ကူးသည့် သီချင်းတွင် Project X ဇာတ်လမ်း၏ ဇာတ်ဝင်ခန်းအချို့ ကို   မှီငြမ်းရိုက်ကူးခဲ့ပြီး အတူ ရိုက်ကူးသည့် အနုပညာရှင်များ၊ ဒါရိုက်တာအဖြစ်ရိုက်ကူးနိုင်ရန် သင်ပြပေးသူများ အပါအဝင် ယင်းသီချင်းရိုက်ကူးမှုအတွက် အဘက်ဘက်မှ အကူအညီပေးခဲ့ သူများကို ကျေးဇူးတင်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

 

No comments:

Post a Comment

back to top