Thursday, July 31, 2014

အစိုးရအစီအစဉ်တွေကို ကာကွယ်နေတယ်လို့ ဝေဖန်မှုတွေ ကြုံနေရ သည့် ဖီလစ်ပိုင်သမ္မတ


ဖီလစ်ပိုင်သမ္မတ ဘန်နီနိုအကွီနိုဟာ အစိုးရရဲ့အငြင်းပွားဖွယ် အစီအစဉ်တွေကို ဘက်လိုက်ပြီး ကာကွယ်ပြောကြားပေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဖီလစ်ပိုင်သမ္မတ ဘန်နီနိုအကွီနိုဟာ တနင်္လာနေ့တုန်းက ပြောကြားခဲ့တဲ့ နိုင်ငံတော်အဆင့် မိန့်ခွန်းအတွင်းမှာ သူ့အစိုးရ လုပ်ဆောင်နေတဲ့ အငြင်းပွားဖွယ် အစီအစဉ်တွေနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားတယ်ဆို တဲ့ ဝေဖန် မှု တွေခံနေရတယ်လို့ သိရပါတယ်။ 

အစိုးရလုပ်ဆောင်နေတဲ့ ချေးငွေအရှိန်မြင့်တင် ချေးပေးရေးအစီအစဉ် (DAP) ကနေ တစ်ဆင့်နိုင်ငံ သားတွေကို ချေးငွေတွေ ပေးတာဟာ ပိုမိုမြန်ဆန်ပြီးတော့ စီးပွားရေး ကို မြှင့်တင်ရာလည်းရောက်တယ်လို့ သူ့ရဲ့မိန့်ခွန်းမှာ ပြောကြားပါတယ်။ ဒါ့အပြင် လေးနှစ်တာ ကာလအတွင်း သူ့အစိုးရ ရဲ့လုပ်ဆောင် ချက်တွေကိုလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။ သမ္မတ မိန့်ခွန်းပြောကြားစဉ်အတွင်းမှာပဲ အင်ဒိုနီးရှားနိုင်ငံ သားထောင်ပေါင်းများစွာဟာ လမ်းမကြီးတွေအပေါ်မှာ စုရုံးခဲ့ကြပြီး အမျိုးလွှတ်တော် ရှိရာကို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတ အကွီနိုအစိုးရဟာ ဖီလစ်ပိုင်နိုင်ငံသားသန်းပေါင်းများစွာကို ဆင်းရဲတွင်းကနေ လွတ်မြောက်စေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ မပေးပိုင်သေးဘူးလို့ ဆန္ဒပြ သူတွေက ပြောပါတယ်။
 

No comments:

Post a Comment

back to top