Friday, July 25, 2014


ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ ပြဌာန်းလိုက်ပြီဖြစ်သည့် ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံဟာ ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေအနေဥပဒေကို ပြဌာန်းလိုက်ပြီဖြစ်ပြီး ယာယီအစိုးရ သစ်ကိုတော့ လာမယ့် စက်တင်ဘာလမှာဖွဲ့စည်းသွားမှာဖြစ်တယ်လို့ သိရပါတယ် ထိုင်းနိုင်ငံဟာ ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။




အချက်(၄၈)ချက်ပါဝင်တဲ့ ဒီယာယီဖွဲ့စည်းအုပ်ချုပ်မှုဆိုင်ရာဥပဒေမှာ ပါလီမန် ရွေးကောက်ပွဲမတိုင်ခင် ထိုင်းနိုင်ငံကို  ဘယ်လိုအုပ်ချုပ်သွားမယ်ဆိုတာနဲ့ ၂၀၁၅ ခုနှစ်နောက် ပိုင်းမှာ အရပ်သားအုပ်ချုပ်မှုကို  ဘယ်လိုပြန်လည်ပြောင်းလဲသွားမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ယာယီဥပဒေပြု လွှတ်တော်အမတ်တွေကိုတော့ စစ်တပ်ကပဲ ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယာယီအစိုးရ ကိုတော့ စက်တင်ဘာလမှာ စတင်ဖွဲ့စည်းမှာ ဖြစ်ပါတယ်။  အခုပြဋ္ဌာန်းလိုက်တဲ့ ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပါတီ နိုင်ငံရေးကင်းရှင်းသူသာ ၀န်ကြီးချုပ်ရာထူးနဲ့ ၀န်ကြီးများ အဖွဲ့မှာ ပါဝင်နိုင်မှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။



အဲ့ဒီထုတ်ပြန်ချက်မှာ ယာယီဝန်ကြီးချုပ်ဟာ စစ်တပ်ခေါင်း ဆောင်တွေနဲ့ အတူ ညှိနှိုင်းလုပ်ဆောင်ရ မှာဖြစ်တယ်ဆိုတဲ့အချက်လည်း ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ထိုင်းဘုရင်မင်းမြတ် ဘူမီဘော အဒူရာဒတ်က ထိုင်းစစ်တပ်ကာကွယ်ရေးဦးစီးချုပ် ပရာရွတ်ချန်အိုချာ ကို အင်္ဂါနေ့တုန်းက တရားဝင်ထောက်ခံလိုက်ပြီဖြစ်ပါတယ်။ မစ္စတာ ပရာရွတ်ဟာ ယာယီဝန်ကြီးချုပ်ရာထူးကို ရယူနိုင်ဖွယ်ရှိနေပြီး အခုပြဋ္ဌာန်းလိုက်တဲ့ ယာယီဥပဒေဟာ စစ်တပ်ခေါင်းဆောင်တွေ ရဲ့ နိုင်ငံရေးရပ်တည်မှုကို အားကောင်းလာအောင် လုပ်ပေးနိုင်တယ်လို့လည်း ထိုင်းနိုင်ငံအရေးလေ့လာ သူတွေက ခန့်မှန်းသုံးသပ်ထားပါတယ်။


No comments:

Post a Comment

back to top