Monday, July 28, 2014

ကျောင်းကုန်းမြို့နယ်၌ (၉၁) ကြိမ်မြောက်စတုဒိသာ အလှူတော် ကျင်းပ

သန်လျင်မြို့နယ် ဒေ၀ဒဟသဗ္ဗသိဒ္ဓိလောကနတ်ပရဟိတ နတ်စင်တစ်ရာကျောင်း နည်လှည့်သစ္စာဓိဋ္ဌာန်စတုဒိသာ ဆရာတော် ဘဒ္ဒန္တပညာတေဇအမှူးထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမိသားစု နှင့် ပင်ပမသစ္စာဓိဋ္ဌာန် အလှူတော်ရှင်များ စုပေါင်းလှူဒါန်းသော (၉၁) ကြိမ်မြောက် စတုဒိသာအလှူကို ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်းမြို့၌ ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့နယ် ဘုရားကြီးဝင်းအတွင်း စတုဒိသာအလှူနှင့် အတူ သံဃာတော်အပါး ၉၀ အား ၀ါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကိုပါ ကျင်းပခဲ့သည်။ ကျောင်းကုန်းမြို့နယ် ဘုရားကြီး ၀င်းအတွင်း ပြည်သူအားလုံးကို နံနက်ပိုင်းမှစတင်၍ စတုဒိသာအလှူစတင်ပြုလုပ်ခဲ့ရာ ကျောင်းကုန်းမြို့ နယ်နှင့် နီးစပ်ရာ မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ဆရာတော်ကြီးအားကြည်ညိုသဒ္ဒါပွားများကာ လာရောက် ဖူးမြော်ပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။


သံဃာအပါး ၉၀ အား ၀ါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ရာ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အနောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်လူအေး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ဗဟိုသံဃာ့ဝန်ဆောင် သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက ဆရာတော်နှင့် သန်လျင်မြို့နယ် နတ်စင်တစရာကျောင်းဆရာတော်တို့က ဆုံးမသြ၀ါဒများမြွက်ကြား ခဲ့ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် အလှူရှင်များက ဆရာတော်သံဃာတော် များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ရေစက်ချတရားတော်နာ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

No comments:

Post a Comment

back to top