Tuesday, July 29, 2014

၁၉၈၇ ခုနှစ် နျူကလီးယားဒုံးကျည်သဘောတူစာချုပ်အား ရုရှား ချိုးဖေါက်ဟုအမေရိကန်ဆို


အခြေအနေတင်းမာလျှက်ရှိသည့်အချိန်တွင် ၁၉၈၇ ခုနှစ် နျူကလီးယားဒုံးကျည် သဘောတူ စာချုပ်အား ရုရှားချိုးဖေါက်သည့် စမ်းသပ်မှုများပြုလုပ်သည်ဟုတနင်္လာနေ့က အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ မှ ပြောကြားခဲ့ သည်။ အလွန်ဆိုးရွားသောကိစ္စတစ်ရပ်အား ချိုးဖေါက်လိုက်ခြင်းဖြစ်ကြောင်းနှင့် အချိန်အတန်ကြာ တအုံ့အုံ့နွေးနွေးဖြစ်နေ သော စွပ်စွဲချက်အား လူသိရှင်ကြားထုတ်ဖေါ်ပြောဆို ရန်တောင်းဆိုခဲ့သည်။
သမ္မတ ဘားရက်အိုဘားမားနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြားတွင် ရုရှားနိုင်ငံက ယူကရိန်း ကိစ္စတွင် ၀င်ရောက်စွက်ဖက်နေခြင်းနှင့် အမျိုးသားလုံခြုံရေး ဌာန သတင်းပေါက်ကြားသူ Edward Snowden အား ပူတင်မှ နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့သည့်ကိစ္စများနှင့်ပတ်သက်ပြီး အခြေအနေ တင်းမာလျှက် ရှိစဉ် ယခုစာချုပ်ဖေါက်ဖျက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

No comments:

Post a Comment

back to top