Monday, July 28, 2014

ယူကရိန်း ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်


ယူကရိန်း ဝန်ကြီးချုပ် အာဆန်နီယက် ဆန်ညတ်ခ်သည် နိုင်ငံ အရှေ့ပိုင်း၌ ဖြစ်ပွားနေသော  ပဋိပက္ခများကြောင့် ၎င်း၏ ညွန့်ပေါင်း အစိုးရ အဖွဲ့  ပြိုကွဲပြီး နောက်တွင် ဝန်ကြီးချုပ် ရာထူးမှ ဇူလိုင် ၂၄ ရက်တွင် နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ယူကရိန်း ဝန်ကြီးချုပ် ယက်ဆန်ညတ်ခ်၏ အဆိုပါ နုတ်ထွက်မှုသည် နိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကိုပို၍ အရှိန်အဟုန် မြင့် တက်စေခဲ့သည်။
ပါလီမန်ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ ပြိုကွဲသွားခြင်းနှင့် အာဏာရ အစိုးရ အဖွဲ့အတွင်းရှိ ပါတီပေါင်းများစွာက သပိတ်မှောက်ခြင်းဖြင့် အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများ အပေါ် တားမြစ်ခဲ့ခြင်းများနှင့် ပတ်သက်၍ မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ယူကရိန်း ဝန်ကြီးချုပ် အာဆန်နီယက်ဆန်ညတ်ခ်က ပြောကြားသည်။
ယူကရိန်း ဝန်ကြီးချုပ် ယက်ဆန်ညတ်ခ်၏ ရာထူးမှ နုတ်ထွက်မည့် ထုတ်ပြန်ကြေညာချက်သည် မလေးရှား ခရီးသည်တင် လေယာဉ်   MH-17  ပျက်ကျမှုနှင့် ပတ်သက်၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးသူများ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည့် ယူကရိန်း အရှေ့ပိုင်းဒေသရှိ ပဋိပက္ခများကို ပို၍ အရှိန်အဟုန် မြင့်စေခဲ့သည်ဟု သိရသည်။         



No comments:

Post a Comment

back to top