Wednesday, July 30, 2014

ငြိမ်းချမ်းရေး အတွက် ပုပ်ရဟန်း မင်းကြီး မေတ္တာ ရပ်ခံ

ဗာတီကန်မြို့တွင် ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့သော ပထမကမ္ဘာစစ် နှစ်(၁ဝဝ) ပြည့် အောက်မေ့ခြင်း အခမ်း အနားတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ငြိမ်းချမ်းရေးအတွက်  မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။
ဖရန်စစ် သည် အရှေ့အလယ်ပိုင်းဒေသ၊ အီရတ်နှင့် ယူကရိန်းတို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံးရပ်တန့် ကာ ငြိမ်းချမ်းရေး ဖော်ဆောင်ကြရန် အတွက် လှိုက်လှိုက်လှဲလှဲဖြင့် မေတ္တာရပ်ခံ စကားပြောကြားခဲ့ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီး၏ မေတ္တာရပ်ခံချက်တွင် ညီအစ်ကိုများ၊ ညီအစ်မများ အချင်းချင်း ရန်မဖြစ်ကြရန်နှင့် စစ်ပွဲ ကြောင့်သေဆုံး၊ ဒဏ်ရာရခြင်းနှင့် မိဘမဲ့ကလေးငယ်များ ကျန်ရှိမှုကိုသာ ဖြစ်ပေါ်စေပြီး ၎င်းကလေးငယ်များ အနေဖြင့် မည်သည့်အခါမျှ ပြုံးရွှင်နိုင်မှုမရှိဘဲ အနာဂတ် ပျောက်ဆုံးသွားနိုင်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

No comments:

Post a Comment

back to top