Wednesday, July 30, 2014

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗလာစာအုပ်နှင့် စာရေး ကိရိယာများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းမီးရထားရပ်ကွက် ဓမ္မရက္ခိတဓမ္မာရုံတွင်  ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း သိရသည်။

အဆိုပါဆန်းဒေးစကူးကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၅၀ တက်ရောက်လျက်ရှိပြီး လိုအပ်လျက်ရှိသော ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများကို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းလှိုင်၊ တွဲဖက်အတွင်းရေးမှူး ဒေါ်လဲ့လဲ့အေးနှင့် မြို့နယ်ကော်မတီဝင်များက လှူဒါန်းခဲ့ပြီး သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဓမ္မာရုံအတွင်းအပြင်နှင့် ရပ်ကွက်အတွင်း၊ အမက(၁၅) ကျောင်းဝန်းကျင်များ တွင် ခြင်ဆေးမှုတ်ခြင်း၊ ရေကန်များ၊ တိုက်ကီများတွင် အဘိတ်ဆေးခပ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top