Tuesday, July 29, 2014

Pee Mak ဇာတ်ကားကုမ္ပဏီနဲ့ အလုပ်တဲ့လုပ် ဖို့ ဆွေးနွေး ခဲ့တဲ့ နိုင်းနိုင်း

ပြီးခဲ့သည့် ရက်ပိုင်းအ တွင်းက ထိုင်းနိုင်ငံရှိ ပီးမက်ဇာတ် ကားရိုက်ကူးခဲ့သော Kantana ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ၏ ဖိတ်ကြားချက်ဖြင့် လေ့လာရေး ခရီးသွားရောက်ခဲ့ကာ နှစ်ဦးနှစ် ဖက်ပေါင်း၍ ဇာတ်ကားရိုက်ကူး နိုင်ရန် ဆွေးနွေးခဲ့ကြောင်း နိုင်းနိုင်းကပြောသည်။
‘‘လောလောဆယ်တော့ နှစ် ဦးနှစ်ဖက်ဘယ်လိုပေါင်းရိုက်ရင် အဆင်ပြေမလဲ ဆိုတာကို ဆွေး နွေးတဲ့ အဆင့်အထိပဲရှိပါသေး တယ်။ အဖြေကတော့ အတိအ ကျမထွက်သေး ဘူး။ နောက်ပြီး သူတို့သုံးမယ့် ဘတ်ဂျက်က ကျွန်တော်တို့သုံးတဲ့ ဘတ်ဂျက်နဲ့ အရမ်းကွာတယ်။ သူတို့သုံးမယ့် ဘတ်ဂျက်က ကျွန်တော်တို့ဆီမှာ ဆိုရင် တော်တော်များတယ်’’ဟု နိုင်းနိုင်းကပြောသည်။
ယင်းခရီးစဉ်တွင် အထက်ပါ ကုမ္ပဏီ၏ စတူဒီယိုများ၊ ရုပ်ရှင် ရိုက်ကွင်းများသို့ သွားရောက်လေ့ လာခဲ့ပြီး ၎င်းနှင့်အတူ ကျော် ကျော်ပိုင်မှူးလည်း လိုက်ပါခဲ့ကာ နှစ်ရက်ကြာမြင့်ခဲ့ကြောင်း ၎င်းက ပြောသည်။ ‘‘ကျွန်တော်တို့ဆီမှာ အောက်ဒိုးရိုက်နေရတာတွေကို သူတို့ဆီမှာက အင်ဒိုးမှာ တင်ရိုက် လို့ရတယ်’’ဟု နိုင်းနိုင်းကပြော သည်။ လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် ဒါရိုက်တာ ၀ိုင်းရိုက်ကူး သည့် ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်နေပြီး ရဲအုပ်တစ်ဦး အဖြစ်   ပါဝင် သရုပ်ဆောင်ထား ကြောင်း ၎င်းကပြောသည်။

 

No comments:

Post a Comment

back to top