Tuesday, July 29, 2014

ဗန်မော်မြို့နယ် ပါတီကော်မတီဝင်များ ရွေးချယ်တင် မြှောက်ပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ပါတီကော်မတီဝင်များ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယခုလ ၂၅ ရက် နံနက် ၁၀ နာရီက ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ ဗဟိုကော်မတီဝင် ဒေါက်တာ ထွန်းလွင်၊ ပြည်နယ်ပါတီတွဲဖက်အတွင်းရေးမှူး၊ မြို့နယ်ပါတီ ရွေးချယ် တင်မြှောက်ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ပြည်နယ်ပါတီကော်မတီဝင် ကော်မရှင်အတွင်းရေးမှူး ဦးဝင်းမောင်သိန်း၊ ရွေးချယ်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါ်နန်းစိုးစိုးအောင်၊ ဦးသန်ဇော်လေး၊ မိုးမောက်မြို့နယ် ပါတီအတွင်းရေးမှူး ဒေါ်ဝိုင်း၊ ရပ်ကွက်ကျေးရွာများမှ ဆန္ဒမဲပေးခွင့်ရှိသူ ပါတီကိုယ်စားလှယ် များတက် ရောက်ကြသည်။
အခမ်းအနားတွင် သဘာပတိ ပါတီဗဟိုကော်မတီဝင် ဒေါက်တာထွန်းလွင်က အမှာစကားပြောကြားပြီး မြို့နယ် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ စည်းကမ်း ချက်များကို ရှင်းလင်းပြောကြားသည်။ ဆန္ဒမဲပေးခွင့်ရှိသူ ကိုယ်စားလှယ်များက ကချင်တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်လောင်းနှစ်ဦး၊ ရှမ်းတိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်လောင်းလေးဦး၊ ဗမာတိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်လောင်း ခြောက်ဦးတို့ကို ရွေးချယ်ကြ သည်။

ဆက်လက်၍ ကချင်တိုင်းရင်းသားသားကိုယ်စားပြု မြို့နယ်ပါတီကော်မတီဝင်နှစ်ဥ၊ီး၊ ရှမ်းတိုင်းရင်းသားကိုယ်စားပြု မြို့နယ်ပါတီကော်မတီဝင် လေးဦးနှင့် ဗမာတိုင်းရင်းသားကိုယ်စားပြု မြို့နယ်ပါတီဝင် ကိုယ်စားလှယ်လောင်း ၂၁ ဦးမှ မြို့နယ်ပါတီကော်မတီဝင်ခြောက်ဦး စုစုပေါင်း ၁၂ ဦးတို့ကို ရွေးချယ်ကြသည်။ ဆက်လက်၍ မြို့နယ်ပါတီကော် မတီဝင် ၁၂ ဦးတို့သည် မိမိတို့ကော်မတီဝင်များထဲမှ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးကိုရွေးချယ်ကြရာ အတွင်းရေးမှူး ဦးကျော်ဇင်စိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဝက်ဝင်းတို့ကို ဆန္ဒမဲပေးရွေးချယ်ကြသည်။

ထို့နောက်ရွေးချယ်တင်မြှောက်ခြင်းခံရသည့် မြို့နယ်ပါတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ မြို့နယ်ပါတီကော် မတီဝင်များ၏ ၁၂ ဦးအမည်စာရင်းကို သဘာပတိက ကြေညာခဲ့ပြီး မြို့နယ်ပါတီကော်မတီဝင် ၁၂ ဦးတို့သည် သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူ၍ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top