Friday, December 26, 2014

မွေးရပ်မြေက ကလေးငယ်တွေအတွက် ဖွံ့ဖြိုးရေး စင်တာတစ်ခုကို နေမာ ဖွင့်လှစ် တည်ထောင်

ဘရာဇီးတိုက်စစ်မှူး နေမာဟာ သူ့ရဲ့ ဇာတိမွေးရပ်မြေက ကလေးငယ်တွေရဲ့ အားကစားစွမ်းရည် ဖွံ့ဖြိုးဖို့အတွက် နေမာဂျူနီယာ အင်စတီကျူ့ဆိုတဲ့ စင်တာတစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဘရာဇီးနိုင်ငံ၊ ပရာရီယာဂရန်ဒီမြို့က ဂျာဒင်းဂလိုရီယာဒေသဟာ ဆင်းရဲသားအများစု အခြေချတဲ့နေရာဖြစ်ပြီး အခုဖွင့်လှစ်တဲ့ စင်တာဟာ ဆင်းရဲသား ကလေးငယ်တွေရဲ့ ပညာရေးနဲ့ အားကစားဆိုင်ရာ လိုအပ်ချက်တွေကို ပံ့ပိုးကူညီပေးမှာလည်း ဖြစ်ပါတယ်။ အသက်(၁၁)နှစ်အရွယ်မှာ ဘရာဇီးနာမည်ကြီးကလပ် ဆန်းတို့စ်ကို ရောက်ခဲ့တဲ့ နေမာက ငယ်ဘ၀ နေထိုင်ခဲ့ရာ ဒေသကို ပြန်ရောက်ခဲ့လို့ ပျော်ရွှင်တယ်လို့ ဆိုပါတယ်။ ”ဒီဒေသဟာ အတော်လေး ဆင်းရဲပါတယ်။ ကျွန်တော်ငယ်ဘ၀က ဘောလုံး ကစားဖို့ အတွက် အလွန်ဝေးတဲ့ နေရာတစ်ခုကို (၂)နာရီလောက် အချိန်ပေးပြီး သွားခဲ့ရပါတယ်။ အခုကလေးငယ်တွေ အတွက်တော့ ဒီဒုက္ခမျိုး ကြုံမှာ မဟုတ်တော့ပါဘူး။ အဲဒီအတွက် အလွန်ပျော်မိပါတယ်”လို့ နေမာက ပြောပါတယ်။ စတုရန်း (၈၄၀၀)မီတာရှိတဲ့ ဒီစင်တာမှာ အသက်(၇)နှစ်ကနေ (၁၄)နှစ်အတွင်းက ကလေးပေါင်း (၂၃,၀၀)ကျော်ကို ပညာရေးနဲ့ ဘောလုံး၊ ဘက်စကက်ဘော၊ ဂျုဒို အစရှိတဲ့ အားကစားနည်းတွေ လေ့ကျင့် သင်ကြားနိုင်ဖို့ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top