Friday, December 26, 2014

အာဖရိကအကောင်းဆုံး ဆန်ခါတင်သုံးဦးတွင် ယာယာတိုရေး ပါဝင်

ဇန်န၀ါရီ ၈ ရက် တွင် ပေးအပ်မည့် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု နောက်ဆုံး ဆန်ခါတင် သုံးဦး စာရင်းတွင် မန်စီးတီး အသင်းမှ ယာယာတိုရေး၊ ဒေါ့မွန်မှ အော်ဘာမီယန်းနှင့်  ပြင်သစ်နိုင်ငံ လိုင်လီအသင်းတွင် ကစားနေသော အင်ယေးမာတို့ ရွေးချယ် ခံရသည်။
ယာယာတိုရေးမှာ ယမန်နှစ်က အာဖရိကအကောင်းဆုံး ဘောလုံးသမားဆု သုံးကြိမ်ဆက်တိုက် ရရှိသော ဒုတိယ ကစားသမား ဖြစ်လာခဲ့သည်။ ၎င်းမတိုင်မီ ဂါနာမှ အဆီဒီပီလီက သုံးကြိမ်ဆက်တိုက် ရရှိထားသည်။ ယာယာတိုရေးသည် ယမန်နှစ်က ပရီးမီးယားလိဂ် နှင့် လိဂ်ဖလားချန်ပီယံ မန်စီးတီးအသင်းတွင် ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ် ပွဲပေါင်း (၃၅)ပွဲ၌ ဂိုး ၂၀ သွင်းယူခဲ့သည်။ ဂါဘွန် လက်ရွေးစင် အော်ဘာမီယန်းသည် ယမန်နှစ်က ဒေါ့မွန်တွင် စတင်ကစားခဲ့ကာ ဘွန်ဒက်စ်လီဂါ၌ ၁၃ ဂိုး သွင်းယူ နိုင်ခဲ့သည်။ အသက်(၃၂)နှစ်အရွယ် နိုင်ဂျီးရီးယား အသင်းခေါင်းဆောင် အင်ယေးမာမှာ လိုင်လီအသင်း၏ အမာခံ ကစားသမားဖြစ်ကာ လိုင်လီအသင်း လီဂူးဝမ်းတွင် တတိယနေရာရရှိအောင် ကူညီပေးခဲ့သည်။

No comments:

Post a Comment

back to top