Thursday, December 18, 2014

ပြည်သူ့လွှတ်တော် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီဥက္ကဋ္ဌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက် အားပေး
***********************************************************


ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးမှု စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းသည် ယခုလ ၁၄ ရက် နံနက် ၁၁ နာရီခွဲက တောင်ဥက္ကလာပမြို့နယ် (၁ဝ) ရပ်ကွက် ဓမ္မရာဇာ (၁) လမ်း လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးအရာရှိ ဦးခင်မောင်ဌေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ လမ်းသာယာရေး ကော်မတီနာယက ဦးကြင်မောင်၊ လမ်းသာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးတင့်ဆွေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ပည်း ကျောက်စာတိုင် ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း က ရပ်ကွက် နေပြည်သူများအား လွှတ်တော် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လမ်း သာယာရေးနာယကနှင့် ကော်မတီဥက္ကဋ္ဌတို့က ကျေးဇူးတင်စကားများ ပြောကြားသည်။
အဆိုပါလမ်းဖွင့်ပွဲ အခမ်းအနားသို့ တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း ဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး မင်းအောင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် လမ်းသူလမ်းသား များ တက်ရောက်အားပေးကြကြောင်း သိရသည်။

No comments:

Post a Comment

back to top