Tuesday, December 23, 2014

ရော်နယ်ဒို၏ ရုပ်တု မွေးရပ်မြေတွင် ဖွင့်လှစ်

ရော်နယ်ဒိုအား ဂုဏ်ပြုသောအားဖြင့် ထုလုပ်ထားသည့် ရုပ်တုဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ခရစ်တီယာနို ရော်နယ်ဒိုသည် ပေါ်တူဂီနိုင်ငံ မာဒီအီရာဒေသရှိ မွေးရပ်မြို့ ဖန်ချယ်သို့ ပြန်သွားခဲ့သည်။
ကြေးဝါဖြင့် ထုလုပ်ထားပြီး ၂ ဒသမ ၄ မီတာမြင့်သော ရုပ်တုကို ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်က ဖွင့်လှစ်ခဲ့သည်။  ယင်းမတိုင်မီတွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု နှစ်ကြိမ် ရရှိခဲ့သော ရော်နယ်ဒို ပါဝင်သည့် ရီးရဲလ်မက်ဒရစ်က ဆန်လိုရန်ဇိုအသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိပြီး ကလပ်ကမ္ဘာ့ဖလား ရရှိခဲ့သည်။
‘‘ကျွန်တော်ရဲ့ရုပ်တု ရှိလာတာ တကယ်ထူးခြားတဲ့ အခိုက်အတန့်ပါပဲ’’ဟု စိတ်လှုပ်ရှားနေသော ရော်နယ်ဒိုက အခမ်းအနားသို့ တက်လာသည့် မိသားစုဝင်များနှင့် ပရိသတ်များအား ပြောကြားသည်။ ‘‘ရော်နယ်ဒိုက သူ့ရဲ့အခြေခံဇာစ်မြစ်ကို ဘယ်တုန်းကမှ မမေ့ခဲ့ဘူး’’ဟု ၎င်း၏မိခင်က ပြောသည်။


No comments:

Post a Comment

back to top