Wednesday, December 17, 2014

MNA လေကြောင်းလိုင်း ၂ဝ၁၅ မတ်လတွင် ဟောင်ကောင်၊  ထိုင်ဝမ်၊ ရှန်ဟိုင်း နှင့် ကူမင်းသို့ တိုက်ရိုက် ပျံသန်း ရန် စီစဉ်

Myanmar National Airlines မှ ပြည်ပခရီးစဉ် တိုးချဲ့ ပျံသန်းရာတွင် တရုတ်နိုင်ငံရှိ ဟောင်ကောင်၊ ထိုင်ဝမ်၊ ရှန်ဟိုင်းနှင့် ကူမင်းမြို့များသို့ လေကြောင်း ခရီးစဉ်များ စတင်ပျံသန်းရန် စီစဉ်လျက် ရှိကြောင်း Myanmar National Airlines မှ သိရသည်။
Myanmar National Airlines မှပြည်ပလေကြောင်းခရီးစဉ် များကို ၂ဝ၁၅ခုနှစ်မတ်လတွင်ပျံသန်း ရန် စီစဉ်လျက်ရှိရာဟောင်ကောင်၊ ထိုင်ဝမ်၊ ရှန်ဟိုင်းနှင့် ကူမင်းမြို့များ သို့ စတင်ပျံသန်းရန်လျာထားကြောင်း Myanmar National Airlines မှ သိရသည်။
Myanmar National Airlines မှ လက်ထောက်အထွေထွေ မန်နေဂျာဦးထင်လင်းက''အခုကအဲဒီ မြို့တွေကို ပျံသန်းဖို့လျာထားတာပါ။ အစပျံသန်း ရင်တော့ E190 နဲ့ မိတ် ဆက်ပျံသန်းမယ်။တစ်ပတ်ကို သုံးရက် လောက်ပေါ့။ နောက်မှဇူလိုင်မှာ Boeing လေယာဉ်တစ်စီး ရောက် လာရင် Boeing နဲ့ ပျံသန်းသွားမယ်'' ဟု ပြောသည်။
Myanmar National Airlines သည်မြန်မာ့လေကြောင်း အမည် မှပြောင်းလဲခြင်းဖြစ်ပြီး မြန်မာ့လေ ကြောင်းသည်၁၉၅၂ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များကို ပျံသန်းလျက် ရှိရာမှ နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့ ပူးပေါင်းတည်ထောင်သော အပြည် ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI)ပေါ်လာပြီးနောက် မြန်မာ့ လေကြောင်းမှ ပြည်ပခရီးစဉ်များကို ရပ်နားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI)မှ ပြည်ပခရီးစဉ်များဆက်လက်ပျံ သန်းခဲ့ကြောင်း သိရသည်။
ဦးထင်လင်းက''အရင်၁၉၅၂ ခုနှစ်တုန်းက စင်ကာပူ၊ နီပေါ၊ ဘန် ကောက်၊ အိန္ဒိယ၊ ဟောင်ကောင်၊ အင်ဒိုနီးရှားကမြို့တွေကို၁၉၉၃ထိ တော့ပျံသန်း ခဲ့တာရှိတယ်''ဟု ပြော သည်။
လက်ရှိတွင် မြန်မာ့လေကြောင်းမှ အမည်ပြောင်းလဲထားသည့် Myanmar National Airlines လေကြောင်း လိုင်းသည် ပြည်တွင်းခရီးစဉ်များ အဖြစ် မြို့ ၂၆မြို့အား Embraer 190 လေယာဉ်နှစ်စင်း၊ gar လေ ယာဉ် လေးစင်း၊ gar လေယာဉ် နှစ်စင်းနှင့် Grand Caravan လေ ယာဉ်နှစ်စင်း စုစု ပေါင်း လေယာဉ် ၁ဝစင်းဖြင့် ပျံသန်းပြေးဆွဲလျက်ရှိ ကြောင်း ဒီမိုကရေစီတူဒေး သတင်းစာတွင် ဖော်ပြပါရှိပါသည်။

No comments:

Post a Comment

back to top