Monday, December 29, 2014

နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ တူးတူး(မြန်မာ)အလဲထိုးဖြင့် အနိုင်ရရှိ
နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၂၈ ရက် ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်းတွင် ကျင်းပခဲ့ပြီး အဓိက တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် တူးတူးနှင့် အက်ဒ်ဝဒ်တို့ပွဲစဉ်တွင် တူးတူးမှာ အသာစီး ရယူ နိုင်ခဲ့ပြီး အလဲထိုးဖြင့် အနိုင်ရရှိခဲ့ သည်။
မြန်မာ့ရိုးရာ နိုင်ငံတကာလက်ဝှေ့စိန်ခေါ်ပွဲတွင် ဆီးဂိမ်းမွေချန်ပီယံ တူးတူး(နဂါးမာန်)နှင့် အမေရိကန် WMC ချန်ပီယံ အက်ဒ်ဝဒ်တို့ ပွဲစဉ်တွင် တူးတူး၏ လက်သီးထိုးချက်များကြောင့် ပထမအချီတစ်မိနစ် ၁၈ စက္ကန့်မှာပင် အနားတောင်းခဲ့ရသည်။
ထို့နောက် ပွဲကိုဆက်လက် ယှဉ်ပြိုင်ရာတွင်လည်း တူးတူးက အသာစီးရရှိပြီး တရစပ်ထိုးချက်များကြောင့် အမေရိကန်လက်ဝှေ့ အကျော်အမော်မှာ သုံးချီအရောက်တွင် အမှတ်စဉ်ရေတွက်ခံရပြီး ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်း မရှိ၍ တူးတူးမှာ အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
သပြေညိုနှင့် ရုရှားလက်ဝှေ့ သမား ဒူးလက်တို့ပွဲတွင် အပြန်အလှန် ထိုးချက်များကြောင့် နှစ်ဦး စလုံး အထိနာခဲ့ပြီး ပထမအချီပြီး ချိန်တွင် ရုရှားလက်ဝှေ့သမားက လက်အဆစ်လွဲသွားခဲ့သည့်အတွက် ပြိုင်ပွဲကို ဆက်လက် မယှဉ်ပြိုင်တော့ဘဲ အရှုံးပေး ခဲ့သည့် အတွက် သပြေညိုမှာ ပထမအချီမှာပင် အနိုင်ရရှိခဲ့သည်။
စောလှကြည်ထူးနှင့် နီဝီဆို ရမ်(ထိုင်း)တို့ပွဲစဉ်တွင် စောလှ ကြည်ထူးမှာ ပထမအချီနှင့် ဒုတိယအချီတို့တွင် အလူးအလဲခံခဲ့ရပြီး ပြိုင်ဘက်ကို ယှဉ်ပြိုင်ထိုးသတ်နိုင်ခြင်း မရှိခဲ့သည့်အတွက် ဒိုင်ပွဲရပ်ဖြင့် နီဝီဆိုရမ်ကို အနိုင်ပေးခဲ့သည်။ ဉာဏ်လင်းအောင် နှင့် ကို့စ်မန်းတို့ ပွဲစဉ်တွင် ကို့စ်မန်းက ပွဲကို အသာစီး ရယူနိုင်ခဲ့သော်လည်း ငါးချီပြည့်သည်အထိ အလဲထိုးနိုင်ခြင်း မရှိ၍ ပူးတွဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။
ရဲမြတ်အောင်နှင့် ၀ပ်သီပေါင်တို့ ပွဲစဉ်တွင်လည်း အကြိတ်အနယ်ရှိခဲ့ပြီး ငါးချီပြည့်သည်အထိ အလဲထိုးနိုင်ခြင်း မရှိခဲ့သော ကြောင့် ပူးတွဲသရေဖြင့်သာ ပြီးဆုံးခဲ့သည်။ အဆိုပါ နိုင်ငံတကာ ရိုးရာ စိန်ခေါ်ပွဲတွင် မျိုးဆက်သစ် ပွဲများကိုလည်း ထည့်သွင်း ကျင်းပခဲ့ပြီး တစ်ပွဲသရေကျကာ နှစ်ပွဲမှာ အနိုင်အရှုံး ပေါ်ခဲ့သည်။

No comments:

Post a Comment

back to top