Wednesday, December 17, 2014

ဇန်နဝါရီ ၁ ရက်မှစတင်ကာ ဆိပ်ကမ်းရောက် မော်တော်ယာဉ်များ အား သွင်းကုန်ပါမစ် လျှောက်ထားခြင်း ခွင့်ပြု ပေးမည် မဟုတ်

ပြည်ပမှမော်တော်ယာဉ်များတင်သွင်းရာတွင် လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ဆိပ်ကမ်းရောက်မော်တော်ယာဉ်များကို သွင်းကုန် ပါမစ် လျှောက်ထားခြင်း ခွင့်ပြုပေးမည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင် ထုတ်ပြန်ချက် အရ သိရသည်။
လာမည့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းရာ၌ သွင်းကုန်ပါမစ်အား သုံးလအထိသာ ခွင့်ပြုသွား မည်ဖြစ်ပြီး သက်တမ်းတိုးခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
ထို့အပြင် မော်တော်ယာဉ်များဆိပ်ကမ်းရောက်ပြီးမှ သွင်းကုန်လိုင်စင်၊ ပါမစ်လျှောက် ထားခြင်းကိုလည်း ခွင့်ပြုပေးသွားမည်မဟုတ်ဘဲ မော်တော် ယာဉ် တင်သွင်းခွင့် ပါမစ်လျှောက်ထားရာတွင် ပြုပြင်ပြီး Reconditioned မော်တော်ယာဉ်များ အတွက် ပြုပြင်ပြီးအဆင့် Reconditioned အချက် (၆)ချက်ပါအတိုင်း တင်သွင်းမည်ဟူသော ဝန်ခံကတိတင်ပြလျှောက်ထားမှသာ မော်တော်ယာဉ်ခွင့်ပြုပေး သွားမည် ဖြစ်ကြောင်း သိရသည်
''အခုလိုစည်းကမ်းချက်တွေ သတ်မှတ်ဆောင်ရွက်တယ်ဆိုတာက အခု မော်တော်ယာဉ်တွေ တင်သွင်းကြ တဲ့ နေရာမှာ သွင်းကုန် လိုင်စင်/ပါမစ် မရခင် တင်သွင်းတာတွေ၊ လိုင်စင်/ပါမစ်ရပြီးမှ တင်သွင်းပေမယ့် ဆိပ်ကမ်းရောက်ပြီး အချိန်မီမထုတ်ယူတာတွေ၊ ဆိပ်ကမ်း ရောက်ပြီးမှ လိုင်စင်/ ပါမစ် ပြင်ဆင် လျှောက်ထား တာတွေ၊ မော်တော်ယာဉ်တွေက ဆိပ်ကမ်းရောက်ပြီး အချိန် ကြာမြင့်စွာ ထားရှိတာတွေကြောင့် ဆိပ်ကမ်း မှာ မော်တော်ယာဉ်တွေ စုပုံ နေတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် အခုလိုဆောင်ရွက်တာဖြစ်ပါတယ်''ဟု တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိမော်တော်ယာဉ်များအား တင်သွင်းခွင့်ပြုရာတွင် ကုမ္ပဏီသင်းအဖွဲ့များ၊ အစိုးရဌာနများ၊ နိုင်ငံတော်နှင့် လူမှုရေးအသင်းအဖွဲ့သို့ လှုဒါန်းမှုများ အတွက် ပုံမှန်အစီအစဉ်ဖြင့် လည်းကောင်း၊ယာဉ်အို ယာဉ်ဟောင်းအပ်နှံ အစားထိုး အစီအစဉ်ဖြင့် လျှောက်ထားမှု၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထား
သော လူပုဂ္ဂိုလ် တစ်ဦးချင်းအစီအစဉ်ဖြင့် လျှောက်ထားမှုကို အထူးအစီအစဉ် ဖြင့်လည်းကောင်း မော်တော်ယာဉ်သွင်းကုန်လိုင်စင် ပါမစ်များအား ခွင့်ပြုပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top