Tuesday, December 23, 2014

တစ်ဦးချင်း အေရီယယ် ပြိုင်ပွဲတွေမှာလည်း တရုတ်အားကစား မောင်မယ်တွေ ဗိုလ်စွဲ

ဖရီးစတိုင်စကီ ကမ္ဘာ့ဖလား အေရီယယ်တစ်ဦးချင်းပြိုင်ပွဲမှာ အမျိုးသား၊ အမျိုးသမီး ချန်ပီယံဆုတွေကို တရုတ် အားကစား မောင်မယ်တွေ ရသွားပါတယ်။
ဒီပြိုင်ပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့ရဲ့ ကမ္ဘာကျော် ဌက်သိုက် အားကစားကွင်းမှာ ဆင်ခြေလျှော လမ်းအကြီးကြီး ဆောက်ပြီး ကျင်းပတာ ဖြစ်ပါတယ်။ အမျိုးသမီးပြိုင်ပဲမှာ ရွှီမုန်ထောင်က (၉၅ဒသမ၈၈)မှတ်နဲ့ ပထမရသွားပါတယ်။ ဒုတိယဆုကိုတော့ သြစတြေးလျ နိုင်ငံသူ ဒယ်နီယယ်စကော့က (၉၂ဒသမ၃၅)မှတ်နဲ့ရပြီး အမေရိကန်နိုင်ငံသူ ကီလေမက်ကင်နွန်က (၈၉ဒသမ၈၈)မှတ်နဲ့ တတိယ ရပါတယ်။ အမျိုးသားပြိုင်ပွဲမှာတော့ တရုတ်အားကစားသမား ချီကွမ်ဖူက (၁၂၅ဒသမ၃၄)မှတ်နဲ့ ပထမရပါတယ်။ ရုရှားနိုင်ငံသား ပေဗယ်ခရိုတော့ဗ်က (၁၁၆ဒသမ၂၉)မှတ်နဲ့ ဒုတိယရပြီး သူနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ အီလျာဘူရော့ဗ်က (၁၁၄ဒသမ၄၈) မှတ်နဲ့ တတိယ ရပါတယ်။

No comments:

Post a Comment

back to top