Thursday, December 18, 2014

အက်ဖ်အေဖလားပြိုင်ပွဲများ ယှဉ်ပြိုင်


အက်ဖ်အေဖလားပြိုင်ပွဲအဖြစ် ယီအိုဗီးလ်တောင်းနှင့် အက်ခရမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ယီအိုဗီးလ်တောင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရလိုက်၍ နောက်တစ်ဆင့်တွင် မန်ယူနှင့် ဆုံတွေ့မည်ဖြစ်သည်။



ယီအိုဗီးလ်သည် ဇန်နဝါရီ ၄ ရက်တွင် ဟွတ်ပတ်၌ ကက်ပီတယ်ဝမ်းဖလား ၁၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့သည့် မန်ယူကို လက်ခံ ကစားရမည် ဖြစ်သည်။ ယီအိုဗီးလ်အတွက် အနိုင်ဂိုးများကို စီမွန်ဂေးလက်နှင့် လူစားဝင်လာသူ မိုရေးတို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ မန်ယူတို့ ပရီမီယာလိဂ်တွင် ယခုအခါ ခြောက်ပွဲဆက်တိုက် နိုင်ပွဲများ ရရှိထားသည်။



ယီအိုဗီးလ်တောင်းနှင့် မန်ယူတို့ ဆုံတွေ့မှုသည် မန်ယူအတွက် ယခုနှစ်တွင် ဖလားတစ်လုံးမျှော်မှန်း နိုင်သည့် အခွင့်အရေး တစ်ရပ် ဖြစ်လာသည်။ အခြားပွဲများတွင် ထရန်မဲလ်က အောက်စဖို့ဒ်ယူနိုက်တက်ကို နှစ်ဂိုး- တစ်ဂို၊ လူတန်တောင်းက ဘူရီကို တစ်ဂိုး-ဂိုးမရှိ၊ ဘန်စလေက ချက်စတာကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။

No comments:

Post a Comment

back to top