Thursday, December 18, 2014

မြန်မာ-တရုတ် သံတမန် (၆၅)နှစ်ပြည့် (၂၀၁၅)ခုနှစ်တွင် ကျင်းပမည်

မြန်မာ-တရုတ်သံတမန် (၆၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို (၂၀၁၅)ခုနှစ်မှာ ကျင်းပမည်ဖြစ်ကြောင်း ဒီဇင်ဘာ(၁၆)ရက်က နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ မြန်မာ-တရုတ်နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။
အဲဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍတွေ ဆက်လက် တိုးမြင့်ရေး၊ (၂၀၁၅)ခုနှစ်မှာ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်တဲ့ (၆၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ခမ်းနားစွာ ကျင်းပရေး၊ ယဉ်ကျေးမှု အပါအဝင် နှစ်နိုင်ငံ ပြည်သူတွေအကြား အပြန်အလှန် ဖလှယ်မှုကဏ္ဍတွေ တိုးမြှင့်သွားရေး၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေ အကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့နဲ့ စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီနှစ်နိုင်ငံ တွေ့ဆုံပွဲ ဆွေးနွေးပွဲကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နဲ့အတူ ဒုတိယဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ လီယွမ်ချောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာယန်ဟို့လန်နဲ့ သံရုံးမှ တာဝန်ရှိသူတွေ တက်ရောက် ခဲ့ကြတယ်လို့ သိရပါသည်။

No comments:

Post a Comment

back to top