Friday, December 26, 2014

အသက်(၈၁)နှစ်အရွယ် ဘွားဘွားက လေထီး အလွတ်ခုန်

လေယာဉ်ပေါ်ကနေ အလွတ်ခုန်ချပြီး သင့်တင့်တဲ့ အမြင့်ပေရောက်မှ လေထီးဖွင့်ရတဲ့ Skydiving အားကစားနည်းကို အသက်(၈၁)နှစ် အရွယ်ရှိပြီဖြစ်တဲ့ တရုတ်အဘွားအိုတစ်ဦးက လုပ်ပြခဲ့တဲ့အတွက် အများအံ့သြစရာ ဖြစ်ခဲ့ပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် စီယန်မြို့က အဘွားအို မင်တယ်ယီဟာ သြစတြေးလျနိုင်ငံမှာ အမြင့်ပေ(၁၂၀၀၀)ကနေ လေထီးအလွတ် ခုန်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဘွားက အသက်အရွယ်ကြီးတာကို မတွေးဘဲ အိပ်မက်ကိုပဲ ဖြစ်အောင် လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အဘွားမင်တယ်ယီဟာ သြစတြေးလျက သူ့သားနဲ့ ဆွေမျိုးတွေဆီ နိုဝင်ဘာလကတည်းက အလည်ရောက်နေတာပါ။ အဲဒီမှာ ကမ္ဘာ့လှည့် ခရီးသည်တွေအတွက် စကိုင်းဒိုင်ဗင် သင်ပေးတယ် ဆိုတာကိုကြားလို့ သူကိုယ်တိုင် စာရင်းပေး လိုက်ပါတယ်။" သူများတွေ စကိုင်းဒိုင်ဗင် ခုန်တာမြင်တော့ သဘောကျသွားတယ်။ ငါလည်း ခုန်ချင်တယ်လို့ သားကိုပြောလိုက်တယ်။ သားက အမေခုန်ရဲလို့လားတဲ့။ ခုန်မယ်လို့ ပြောလိုက်လို့ နောက်အပတ်မှာ ခုန်ခွင့်ရတယ်"လို့ အဘွားအို မင်တယ်ယီက တနင်္လာနေ့က သူ့ဇာတီမြို့စီယန်မှာ ပြောပြပါတယ်။ အဲဒါနဲ့ စကိုင်းဒိုင်ဗင် စင်တာတစ်ခုမှာ တစ်ပတ်လောက် လေ့ကျင့်၊ ကျန်းမာရေး စစ်ဆေးပြီး နိုဝင်ဘာ(၂၉)ရက်မှာ ခုန်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအဘွား စကိုင်းဒိုင်ဗင်ခုန်တဲ့ ဗီဒီယိုက အွန်လိုင်းကနေ ပြန့်သွားပြီး အားလုံး အံ့သြမဆုံး ဖြစ်ကြပါတယ်။ အခုတော့ အဘွားမင်တယ်ယီဟာ တရုတ်နိုင်ငံကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top