Friday, December 19, 2014

Friend အခွေအတွက် Facebook ရှိ ပရိသတ်တွေက အကြံဥာဏ်တွေ ပေးခဲ့တယ်ဆိုတဲ့ နန်းသူဇာ



မော်ဒယ်လ် လောကမှာသရုပ်ဆောင်အဖြစ် ပြောင်းလဲလာခဲ့ပြီး ယခုအချိန်အဆိုတော် တစ်ယောက်အဖြစ်မြင်တွေ့နေရသော နန်းသူဇာက လတ်တလောအနုပညာ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ယခုကဲ့သို့ပြောပြခဲ့သည်။
''လတ်တလောမှာတော့ နန်းသူဇာ ကြော်ငြာအတွက် ဓာတ်ပုံရိုက် ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှားမှုကတော့ လတ်တလောမှာ ထွက်ရှိထားတဲ့ Friend ဆိုတဲ့ အခွေအတွက် MTV ရိုက်ကူးရေး လုပ်နေပါတယ်။ အခွေက ပြီးသလောက်တော့ ရှိနေပြီလို့ ပြောလို့ရတယ်။ မကြာမီ ပရိသတ် လက်ထဲကို အရောက်ချပြ သွားမှာပါ။ Friend အခွေ ထွက်တုန်းကတော့ ပရိသတ်တွေဆီက ဘယ်လိုပုံစံမျိုးတွေ ကြိုက်တတ်လဲ ဆိုတာကို သိရတယ်။ နောက်ပြီးတော့ ပရိသတ်တွေက နန်းသူဇာတို့ ဆိုခဲ့တဲ့ သီချင်းတွေမှာ ဘယ်လိုပုံစံတွေ ကြိုက်လဲဆိုတာ သိခဲ့ရတယ်။
MTV ထွက်လာခဲ့ရင် ဘယ်လိုပုံစံတွေ ကြိုက်လဲဆိုတာကို အွန်လိုင်းကနေပြီးတော့ အကြံဥာဏ်တွေ ပေးလာတာတော့ ရှိပါတယ်။ အများဆုံးကတော့ Facebook ကနေ ပြောလာကြတာ များပါတယ်။ ကိုယ်ပိုင်သီချင်း ဖန်တီးမှုကတော့ ကိုယ်ပိုင် တစ်ယောက်တည်း Solo သီချင်းခွေအတွက် သီချင်းတွေကို ကိုယ်တိုင်ရေး၊ တီးလုံးတွေကို ကိုယ်တိုင် ဖန်တီးနိုင်အောင် ကြိုးစားနေပါတယ်။ အခုအချိန်မှာတော့ မပြောတတ် သေးပါဘူး။
အခြေအနေ ကောင်းတယ်ဆိုရင်တော့ တစ်ကိုယ်တော် အခွေမှာ ထည့်သုံးသွားမှာပါ'' ဟု ပြောသည်။ ထို့အပြင် ပရဟိတ လုပ်ငန်း၌ ပါဝင်မှုများကို ''ပရဟိတ အလုပ်တွေကတော့ ကိုယ်တတ်နိုင် သလောက် လုပ်ဖြစ်ပါတယ်။ တကယ်လို့ တစ်ယောက်တည်း မဟုတ်ရင် တောင်အများနဲ့ တွဲပြီးတော့ အချိန်ပေး လုပ်ဖြစ်တယ်။ လိုအပ်တဲ့ အကူအညီတွေ၊ တကယ် လိုအပ်နေတဲ့ သူတွေကို ပေးလိုက်ရတာ ကုသိုလ် ရပါတယ်။
နောက်ပိုင်းမှာ တတ်နိုင်ရင် တတ်နိုင်သလောက် ပရဟိတ လုပ်ငန်းတွေမှာ လှုပ်ရှားသွားမှာပါ '' ဟု ဆက်လက် ပြောသည်။ နန်းသူဇာ အနေဖြင့် ကြော်ငြာ၊ မဂ္ဂဇင်း၊ အလှဓာတ်ပုံများ ရိုက်ကူးနေကြောင်း၊ ကိုယ်ပိုင် သီချင်း စာသားများအား ပရိသတ်များကို ချပြချင်ကြောင်း၊ နန်းသူဇာနှင့် နန်းမြတ်ဖြိုးသင်း နှစ်ယောက် ဆိုထားသော အခွေကို ၂ဝ၁၅ ခုနှစ်တွင် ပရိသတ် လက်ထဲချပြရန် ရှိကြောင်းနှင့် အနုပညာရှင်များ ပါဝင်သည့် ပရဟိတ လှုပ်ရှားမှု လှုမှုကွန်ရက် အဖွဲ့တွင် ပါဝင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top