Wednesday, December 24, 2014

အကောင်းဆုံး အင်္ဂလိပ်ဘောလုံးသမားဟာ မိုက်ကယ်ကားရစ်ပါလို့ နည်းပြဟောင်း ဖာဂူဆန် ပြောကြား

မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်ဖာဂူဆန်က မိုက်ကယ်ကားရစ်ဟာ အကောင်းဆုံး အင်္ဂလိပ် ဘောလုံးသမားပါလို့ တနင်္လာနေ့က ပြောပါတယ်။

လက်ရှိမှာ မန်နေဂျာဗန်ဟား တာဝန်ယူထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ မိုက်ကယ်ကားရစ် ပြန်ကစားနိုင်တဲ့ နိုဝင်ဘာလကစလို့ အခုဆိုရင် (၇)ပွဲကစားပြီး (၆)ပွဲ အနိုင်ရထားပါတယ်။ "ကျွန်တော် ထင်ပါတယ်။ မိုက်ကယ်ကားရစ်ဟာ အင်္ဂလိပ် ဘောလုံးလောကမှာတော့ အကောင်းဆုံး အလယ်တန်း အလယ်လူ ဖြစ်ပါတယ်"လို့ ဖာဂူဆန်က BT Sport ရုပ်သံသတင်းဋ္ဌာနကို ပြောကြားပါတယ်။ နောက်ပြီး ဖာဂူဆန်က ပရီမီယာလိဂ် တတိယနေရာမှာရှိနေတဲ့ မန်ယူအသင်းဟာ အပြည့်အ၀ အားကောင်းလာပြီဖြစ်လို့ စောင့်ကြည့်ရမယ့် အသင်း ဖြစ်လာပါပြီလို့ ပြောပါတယ်။ မိုက်ကယ်ကားရစ်ဟာ မန်ယူအသင်းမှာ ဒုတိယအသင်း ကက်ပတိန် ဖြစ်နေပြီး အင်္ဂလန်အသင်းကလည်း သူ့ကို နိုဝင်ဘာလကစလို့ ပြန်လည် ခေါ်ယူထားပါတယ်။


No comments:

Post a Comment

back to top