Wednesday, December 31, 2014

ဆွာရက်ဇ် မရှိတဲ့ နောက်ပိုင်း ပထမဆုံးအကြိမ် (၄)ဂိုးသွင်းပြီး လီဗာပူးအသင်း အနိုင်ရ

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်(၁၉)ရဲ့ နောက်ဆုံးပွဲအဖြစ် တနင်္လာညမှာ ကစာဲး့တဲ့ လီဗာပူးနဲ့ ဆွမ်ဆီးတို့ပွဲမှာတော့ အိမ်ရှင် လီဗာပူးက (၄)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲလို့ ဆိုရမယ့် ဒီပွဲမှာ လီဗာပူးအတွက် ခြေစွမ်း ပြသွားသူကတော့ ကွင်းလယ်လူ လယ်လာနာပဲ ဖြစ်ပါတယ်။
ကော်တင်ဟို၊ စတားလင်း၊ လယ်လာနာတို့ (၃)ယောက်တွဲ တိုက်စစ်နဲ့ ပွဲထွက်ခဲ့တဲ့ လီဗာပူးဟာ ဆွမ်ဆီးကို ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန်(၃၃) မိနစ်မှာ ကွင်းလယ်လူ မိုရီနိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဆွမ်ဆီးဂိုးသမား ဖေဘီယန်စကီး အမှားကနေ လယ်လာနာက ဒုတိယဂိုးသွင်းပြီး မကြာမီမှာ ဆွမ်ဆီးတိုက်စစ်မှူး ဆီဂတ်ဆန်က ချေပဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အကောင်းဆုံးပုံစံရနေတဲ့ လီဗာပူးအတွက် လယ်လာနာက ဂိုးထပ်သွင်းခဲ့သလို ဆွမ်ဆီးကွင်းလယ်လူ ရှဲလ်ဗေးကလည်း ကိုယ့်ဂိုးကိုယ်သွင်းမိလို့ လီဗာပူး ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ လီဗာပူးအတွက် ၂၀၁၃ မတ်လက တော့တင်ဟမ် ဟော့စပါးကို တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ရဲ့ သွင်းဂိုးအပါအ၀င် (၄)ဂိုးပြတ် အနိုင်ရပြီးနောက်ပိုင်း ပွဲပေါင်း (၃၄)ပွဲအကြာမှာ ပထမဆုံး (၄)ဂိုး ပြန်သွင်းပြီး အနိုင်ရခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment

back to top