Thursday, December 18, 2014

ဒေသတွင်းရှိ ပုဂ္ဂလိက ဆေးခန်းများမှ မသန့်ရှင်းသော ဆေးထိုးအပ်များမှတစ်ဆင့် ကမ္ဘောဒီးယား နိုင်ငံတွင် ဒေသခံ ၈၂ ဦး HIV ပိုး ကူးစက်ခံရ


ကမ္ဘောဒီးယားနိုင်ငံ ဘတ်တမ်ဘမ်းပြည်နယ်ရှိ ဝေးလံခေါင်းပါးသော ရွာတစ်ရွာတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အို များအပါအဝင် ဒေသခံ ၈၂ ဦးသည်HIVပို ကူးစက်ခံခဲ့ရကြောင်း  ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ ၎င်းကျေးရွာမှ ဒေသခံရာ ပေါင်းများစွာကို လွန်ခဲ့သော ရက်သတ္တပတ်အတွင်းကကျန်းမာရေးဌာနများ၌ စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ အဆိုပါဒေသခံ ၈၂ဦးတွင် HIV ပိုး ကူးစက် လျက်ရှိသည် ကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၆ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
၎င်းရောဂါပိုး ကူးစက်ခံရသော အဆိုပါ ဒေသခံများသည် ဒေသတွင်းရှိ ပုဂ္ဂလိက ဆေးခန်းများမှ မသန့်ရှင်းသော ဆေးထိုး အပ်များမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်ကြောင်း ၎င်းရွာမှ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ကူးစက်ခံရ သည့် ဒေသခံများတွင် အသက် ၇ဝ နှစ် နှင့် ၈ဝ နှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသမီးများ အပါအဝင် ကလေးငယ် ၁၄ ဦးပါဝင်ကြောင်း သိရသည်။ လူဦးရေ ၁၅ သန်းကျော်ရှိသော ကမ္ဘောဒီးယား နိုင်ငံတွင် လူပေါင်း ၇၃ဝဝဝ ခန့်မှာHIV /AIDS ရောဂါခံစားနေရပြီး အစိုးရအနေဖြင့် ၎င်း HIV /AIDS ရောဂါကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top