Wednesday, December 24, 2014

ဂျူဗင်တပ်စ်ကိုနိုင်ပြီး နာပိုလီ စူပါဖလားဆွတ်ခူး

ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်တွင် ကျင်းပသော အီတလီ စူပါဖလားလုပွဲ၌ ကိုပါအီတလီယာဖလားပိုင်ရှင် နာပိုလီက လိဂ်ချန်ပီယံ ဂျူဗင်တပ်ကို ၆-၅ ဂိုး ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့သည်။
ပြီးခဲ့သည့်လအတွင်း နာပိုလီ အသင်း၏ ချန်ပီယံလိဂ်ခြေစစ်ပွဲ ယှဉ်ပြိုင်မှုကြောင့် ဒီဇင်ဘာသို့ ရွှေ့ထားသောပွဲတွင် တိဗက်ဇ်၏ အဖွင့်ဂိုးကို ဟီဂူအင်က ၆၈ မိနစ်တွင် ချေပဂိုး သွင်းယူပြီးနောက် မိနစ် ၉၀ ကုန်ဆုံးခဲ့သည်။
အချိန်ပိုတွင်လည်း ၎င်းတို့ နှစ်ဦး ဂိုးထပ်သွင်းယူခဲ့ကာ  နှစ်ဂိုးစီ သရေရလဒ်ဖြင့် ပင်နယ်တီထိ ရောက်ရှိ ခဲ့သည်။ ပင်နယ်တီတွင် နာပိုလီ ဂိုးသမား ရာဖေးလ်မှာ အသင်းအတွက် သူရဲကောင်း  ဖြစ်ခဲ့သည်။
နှစ်သင်းစလုံး သူတင်ကိုယ်တင်နှင့် ရှိနေစဉ် ဂျူဗင်တပ်အတွက် ရှစ်လုံးမြောက် ကန်သွင်းသော ပါဒိုအင်၏ ပင်နယ်တီကို ရာဖေးလ်က ကာကွယ်နိုင်ခဲ့ပြီး နာပိုလီအား စူပါဖလားချန်ပီယံ ဖြစ်လာစေခဲ့သည်။

No comments:

Post a Comment

back to top