Thursday, December 18, 2014

ခရုဇ်အက်ဇူလ်ကို အနိုင်ရပြီး ရီးရဲလ် ၂၁ ပွဲဆက်တိုက်နိုင်သည့် စံချိန်ဖြင့် ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်

မော်ရိုကိုနိုင်ငံ မာရာကတ်မြို့တွင် ကစားခဲ့သော ဖီဖာကလပ် ကမ္ဘာ့ဖလားပွဲတွင် ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်မှာ မြောက်အမေရိကန် ချန်ပီယံ မက္ကဆီကို ကလပ်ခရုဇ် အက်ဇူလ်ကို ၄-၀ ဂိုးပြတ်ဖြင့် အနိုင်ရကာဗိုလ်လုပွဲတက်ခဲ့ပြီး ပြိုင်ပွဲ အားလုံးတွင် ၂၁ ပွဲဆက်တိုက်နိုင်သည့် စံချိန်သစ်ကို  ထပ်မံရရှိခဲ့သည်။
ရီးရဲလ်အတွက် ဂိုးများကို ပထမပိုင်း ၁၅ မိနစ်တွင် နောက်ခံ လူဆာဂျီရားမို့စ်က တိုနီကရူးစ် ပေးပို့မှုမှတစ်ဆင့် သွင်းယူ သွားခဲ့ခြင်း ဖြစ်သည်။
ရီးရဲလ်မှာ ရှေ့တန်းတွင် ဘေးလ်၊ ဘန်ဇီးမား၊ ရော်နယ်ဒို တို့ ဖြင့် လူစုံပွဲထွက်ခဲ့ခြင်းဖြစ်ကာ  ကွင်းလယ်တွင်မူ ရိုဒရီဂွက်ဇ် မပါဝင်ခဲ့ပေ။ ဒုတိယဂိုးကို ၃၆ မိနစ်တွင် ဘန်ဇီးမား၊ တတိယဂိုးကို ၅၀ မိ နစ်တွင် ဘေးလ်နှင့် စတုတ္ထဂိုးကို ၇၂ မိနစ်တွင် အစ္စကိုတို့က သွင်း ယူခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်တို့ ဆီမီးဖိုင်နယ်တွင် အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့ရာ ၎င်းတို့သည် ကြာသပတေးနံနက် ဒုတိယဆီးမီးဖိုင်နယ်တွင် ဆန် လော်ရင်ဇိုနှင့် အော့ကလန်စီးတီးတို့ပွဲမှ အနိုင်ရသည့်အသင်း နှင့် ဗိုလ်လုပွဲ ကစားရမည်ဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားကို ဗိုလ်စွဲရန် တစ်ပေးခံနေရသည်။ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၀ တွင် ပြုလုပ်မည်ဖြစ်သည်။  

No comments:

Post a Comment

back to top