Thursday, December 18, 2014

မြန်မာ ရွှေ့ပြောင်း လုပ်သားများ အတွက် ဗန်ကောက် မြို့၌ ဆက်သွယ်ရေး စင်တာ ဖွင့်လှစ်

ထိုင်းနိုင်ငံ၌  အလုပ်သွားရောက် လုပ်ကိုင်ကြသော   မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများသည်  လုပ်ငန်းခွင်များ၌ အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်လာသောအခါတွင် ဖြစ်စေ၊ ထိုင်းနိုင်ငံသို့ ယခုမှစတင်၍ အလုပ်သွားရောက် လုပ်ကိုင်လိုသူ များသည် အလုပ်သမား အခွင့်အရေးပိုင်း ဆိုင်ရာများနှင့်  အခြားသော ဗဟုသုတများ သိရှိလို၍ဖြစ်စေ   အကြံပေး လမ်းညွှန်နိုင်စေရန်နှင့် ကူညီဖြေရှင်းပေးနိုင်စေရန် ဆက်သွယ် ရေး စင်တာ တစ်ခု ကို  ထိုင်းနိုင်ငံ  ဗန်ကောက်မြို့ရှိ   မြန်မာ သံရုံးအနီး၌  ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆက်သွယ်ရေး စင်တာကို ရန်ကုန်မြို့ အခြေစိုက် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်း ရှင်များ အဖွဲ့ချုပ်  (Mya-nmar Oversea Employment Agency Federation) မှ ဦးစီး၍   ဗန်ကောက်မြို့ရှိ ဆီလုမ်း ရပ်ကွက်၌  ဖွင့် လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ နိုင်ငံမှ   ရွှေ့ပြောင်းလုပ်သားများ ငွေကြေး အလိမ်ခံရခြင်း၊ ခေါင်းပုံဖြတ်ခံရ ခြင်းနှင့် လူကုန်ကူးခံရခြင်း အစရှိသော အဖြစ်အပျက်များ မကြုံတွေ့ စေလိုသော ကြောင့် ယခုကဲ့သို့ ဆက်သွယ်ရေး စင်တာကို ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း ၎င်းစင်တာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့အပြင် မြန်မာရွှေ့ပြောင်းလုပ်သားများ သည် ၎င်းတို့ ရသင့်ရထိုက်သော အလုပ်သမား အခွင့်အရေး များကို သိရှိပြီး နစ်နာ ဆုံးရှုံး မှုများ မရှိစေရန်၊ ဗဟုသုတများ ဖြန့်ဝေပေးရန်နှင့် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ရှိသော အလုပ်သမားဆိုင်ရာ သံမှူးအား တစ်ဖက်တစ်လမ်းမှ  အထောက်အကူ ပြုနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယင်းစင်တာကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ အလုပ်သမားများအနေဖြင့်  အကူအညီ တစ်စုံ တစ်ရာ လိုအပ်ပါက ဆက်သွယ်ရေးစင်တာ ဖုန်း-ဝ၈၃-၅၄၄၆၄၄၂  သို့  ခေါ်ဆို ဆက်သွယ်နိုင်ပြီး ရန်ကုန်ရုံးချုပ် ဖုန်း-ဝ၁-၂၄၈၂၅၅  သို့လည်း ဆက်သွယ်၍ အကူအညီ တောင်း ခံနိုင်ကြောင်း သိရသည်။          

No comments:

Post a Comment

back to top