Friday, December 26, 2014

အက်သလက်တီကိုမက်ဒရစ်သို့ ပြန်ရန် တောရက်စ် ညှိနှိုင်း

အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်သည် အသင်းဟောင်းသို့ ပြန်လာရန် နီးစပ်နေပြီး  ချယ်လ်ဆီးနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း စပိန်မာကာသတင်းက ဖော်ပြသည်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီနှင့် နည်းပြအဖွဲ့မှာ တောရက်စ်ကို စောင့်ကြည့်နေသော်လည်း ချယ်လ်ဆီးမှ မီလန်သို့  အငှားချ ထားသည့်  ထိုတိုက်စစ်မှူးကို ပြန်ခေါ်ရေးအတွက် ခိုင်မာသော ကမ်းလှမ်းမှုများမှာ  စားပွဲဝိုင်းပေါ်တွင် မရှိသေးကြောင်းပေ။
အင်္ဂါနေ့ကလည်း စပိန်ရေဒီယိုလာကုပီတွင် တောရက်စ်မက်ဒရစ်သို့ ပြန်လာနိုင်ပါက အားလုံး ဝမ်းမြောက်စွာ ကြိုဆိုကြမည် ဖြစ်ကြောင်းဖော်ပြခဲ့သည်။ 
တောရက်စ်သည် ချယ်လ်ဆီးတွင် မော်ရင်ဟို၏ ဦးစားပေးစာရင်း၌ မပါဝင်သောကြောင့် မီလန်သို့ အငှားချခံရပြီး မီလန်တွင်လည်း ခြေစွမ်း မပြနိုင်ခြင်းနှင့် ၎င်း၏ စာချုပ်မှာ ၂၀၁၆ ၌ ကုန်ဆုံးမည် ဖြစ်ခြင်းကြောင့် ခေါ်ယူနိုင်ရေးမှာ လမ်းပွင့်နေသည်ဟု ဆိုသည်။

No comments:

Post a Comment

back to top