Monday, December 29, 2014

တောရက်စ်အား အေစီမီလန် ခေါ်ယူ

ချယ်လ်ဆီးနှင့် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အား စီးရီးအေကလပ် အေစီမီလန်က အမြဲတမ်း စာချုပ်ဖြင့် ခေါ်ယူ လိုက်ပြီ ဖြစ်သည်။ ဇန်နဝါရီ ၅ ရက်က စပြီး တောရက်စ်သည် အေစီမီလန်အသင်း၏ အမြဲတမ်းကစားသမားဖြစ်သွားပြီ ဖြစ်သည်။ အသက် ၃ဝ အရွယ် တောရက်စ်သည် ချယ်လ်ဆီးမှ အေစီမီလန်သို့ သြဂုတ်လမှ စတင်ကာ နှစ်နှစ်အငှားစာချုပ်ဖြင့် သွားရောက် ကစားနေခဲ့သူဖြစ်သည်။
၎င်းအား အသင်းဟောင်း အက်သလက်တီကိုသို့ အေစီမီလန်က ထပ်မံအငှားချထားဖွယ်ရှိသည်။ တောရက်စ်သည် လီဗာပူးမှ ချယ်လ်ဆီးသို့ ပေါင်သန်း ၅ဝ ဖြင့် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလက ပြောင်းရွေ့ခဲ့သည်။ ၎င်းသည် ချယ်လ်ဆီးအသင်းနှင့်အတူ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် အက်ဖ်အေ ဖလားများကို ဆွတ်ခူးပေးနိုင်ခဲ့သည်။
တောရက်စ်အား သူ၏ကလေးဘဝကတည်းက စတင်ခဲ့သည့် ဘောလုံးသမားဘဝကို ခြေချရာ အက်သလက်တီကိုက ခေါ်ယူရန် အဆက်အသွယ် ပြုလုပ်ခဲ့သည်။ သို့သော်လည်း အေစီမီလန်ကအရ ခေါ်ယူနိုင်ခဲ့သည်။

No comments:

Post a Comment

back to top