Monday, December 22, 2014

ရီးရဲလ်မက်ဒရစ် ကလပ်ကမ္ဘာ့ဖလားဆွတ်ခူး

မာရာကတ်ခ်ျ − မောရိုကိုနိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သော ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ၌ ရီးရဲလ်က အာဂျင်တီးနားနိုင်ငံမှ တောင်အမေရိက ချန်ပီယံ ဆန်လော်ရန်ဇိုအသင်းကို နှစ်ဂိုး ဂိုးမရှိ ဖြင့် အနိုင်ယူပြီး စတုတ္ထမြောက် ဆုဖလား သိမ်းပိုက် နိုင်ခဲ့သည်။
ရီးရဲလ်အသင်းသည် ၂၀၁၄ ကလပ်ကမ္ဘာ့ဖလားကို ရာမို့စ်နှင့် ဘေးလ်တို့၏ သွင်းဂိုးများဖြင့် လော်ရန်ဇို အသင်းကို အနိုင်ယူ ခဲ့ခြင်း ဖြစ်သည်။
ဆာဂျီယိုရာမို့စ်၏ ပွဲကစား ချိန် ၃၇ မိနစ် ခေါင်းတိုက် သွင်းဂိုးဖြင့် ချန်ပီယံလိဂ် ချန်ပီယံ၊ စပိန်ဘုရင့်ဖလား ချန်ပီယံနှင့် ဥရောပ စူပါဖလား ပိုင်ရှင် ရီးရဲလ်က လော်ရန်ဇိုအသင်းကို ဦးဆောင်ထားခဲ့ပြီး ဂိုးသမားအမှား မှ တစ်ဆင့်  ဂါရတ်ဘေးလ်က ပွဲကစားချိန် ၅၁ မိနစ်တွင် ရီးရဲလ်အတွက် ဒုတိယဂိုး သွင်းယူ ခဲ့သည်။ ရီးရဲလ်မှာ ယင်းပွဲ အနိုင်ကြောင့် ယခုနှစ်အတွင်း ပြိုင်ပွဲအ ရပ်ရပ် ၂၂ ပွဲ ဆက်တိုက် အနိုင်ရထားပြီ ဖြစ်သည်။
ယခုအခါ ရီးရဲလ်အသင်း သည် ၁၉၇၁-၇၂ ခုနှစ်က နည်းပြ ဂျိုဟန်ခရုဖ်၏ အေဂျက်ဇ်အသင်း ၏ ၂၆ ပွဲဆက်တိုက် အနိုင်ရခဲ့သည့် စံချိန်ကို ချိုးရန် အလားအလာကောင်းနေသည်။ ရီးရဲလ်အသင်းမှာ ကမ္ဘာပေါ် တွင် အကောင်းဆုံးအသင်း ဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု ယင်းပွဲအပြီးတွင် ဂါရတ်ဘေးလ်က ပြောသည်။
စပိန်လာလီဂါတွင်လည်း ရီးရဲလ်မှာ ဒုတိယနေရာမှ ဘာကာထက် တစ်ပွဲလျော့ဖြင့် တစ်မှတ် အသာရ ထားသည်။

No comments:

Post a Comment

back to top