Thursday, December 18, 2014

၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် ကမ္ဘာလှည့် ခရီးသွားသင်္ဘော ၁၅စင်း လာရောက်မည်


မြန်မာနိုင်ငံသို့ ယခုနှစ်ကုန်ပိုင်း ပွင့်လင်း ရာသီမှ စတင်ကာ ကမ္ဘာလှည့် ခရီးသွား သင်္ဘောများ ဝင်ရောက်လျက်ရှိပြီး ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် ကမ္ဘာလှည့် ခရီးသွား သင်္ဘော ၁၅ စင်း လာရောက်မည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ တာဝန်ရှိသူများက ပြောသည်။

လာမည့် နှစ်ဆန်းပိုင်း ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ကမ္ဘာလှည့် အပျော်စီး သင်္ဘောများ ဆက်တိုက် ဝင်ရောက် လာမည်ဖြစ်ပြီး ဇန်နဝါရီလတွင် အမေ ရိကန်နိုင်ငံ အခြေစိုက် The World ၊ MV. Azamara Quest ၊ Silver Wind အမည်ရှိ ကမ္ဘာလှည့်ခ ရီးသွား သင်္ဘောသုံးစင်း လာရောက်မည်ဖြစ်ပြီး နိုင်ငံခြား ခရီးသွား ၁ဝဝဝ ဝန်းကျင်ခန့် ပါလာမည်ဖြစ် ကြောင်း သိရသည်။
ဖေဖော်ဝါရီလတွင် ကမ္ဘာလှည့်ခရီးသွား ၁၈ဝဝ ကျော်ပါဝင်သည့် အမေရိကန်မှ Celebrity Century ဗြိတိန်အခြေစိုက် Balmoral ကမ္ဘာလှည့် ခရီးသွား သင်္ဘောများသည် Myanmar Voyages ခရီးသွားကုမ္ပဏီ ၏ စီစဉ်မှုဖြင့်လာရောက် မည်ဖြစ်ပြီး နိုင်ငံတကာခရီးသွား သင်္ဘောကုမ္ပဏီ Hollen America Cruises Lines၏ Ms Volendam၊ Sojourn၊ Rotterdam ကမ္ဘာလှည့် ခရီးသွား သင်္ဘောသုံးစင်း လာရောက်မည်ဖြစ်ကာ နိုင်ငံခြားခရီးသွား ၂ဝဝဝဝန်းကျင်ခန့် လာရောက် မည်ဖြစ်သည်။
မတ်လတွင် အမေရိကန်အခြေစိုက် ခရီးသည် ၁၄ဝဝ ကျော်ပါဝင်သည့် Volendamနှင့် အခြား ကမ္ဘာလှည့် ခရီးသွား သင်္ဘောများဖြစ်သည့် Amsterdam၊ Sojourn၊ MV. Explorer  စသည့် သင်္ဘောများ လာရောက်ရန် စီစဉ်ထားပြီး ကမ္ဘာလှည့် ခရီးသွား ၁ဝဝဝခန့် ပါဝင်လာမည့် အမေရိကန်နှင့် ဗြိတိန် အခြေစိုက် MV. Mineva ၊ Crystal Symphony နှင့် Silver Wind စသည့် သင်္ဘောသုံးစင်းလည်း လာရောက်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် ခရီးသွားလာ ရောက်မှုသည် လေဆိပ်နှင့် နယ်စပ်ဝင်ပေါက်များမှ လာရောက်မှုထက် စံချိန်တင်များပြား လျက်ရှိပြီး ပြည်တွင်း၌ နိုင်ငံခြား ခရီးသွားများ သွားရောက် လည်ပတ်မှုတွင်လည်း အပျော်စီး သင်္ဘောများဖြင့် လည်ပတ်မှုသည် အများဆုံးဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး ဌာနမှ  တွက်ချက်ထားသည်။
၂ဝ၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်း သုံးလတွင်  ကမ္ဘာလှည့် ခရီးသွားသင်္ဘော ၁ဝ စင်းခန့်သာ လာရောက် ခဲ့သော်လည်း ၂ဝ၁၅နှစ်ဆန်းပိုင်းတွင် ကမ္ဘာလှည့် ခရီးသွား သဘောင်္ ၁၅စင်း လာရောက်မည် ဖြစ်ရာ ကမ္ဘာလှည့်ခရီးသွား သင်္ဘော ခရီးစဉ်များ တိုးတက်လာသည်ဟု ခရီးသွား လုပ်ငန်းရှင် များက ပြောကြား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top