Wednesday, December 17, 2014

INTEL ၏ နည်းပညာသစ် ထည့်သွင်း ထားသည့် TABLET များဖြန့်ချိမည်

နည်းပညာကဏ္ဍ၏ အရေးပါမှုကို လက်တွေ့ မြင်တွေ့နေရသော ယနေ့ခေတ်ကြီးတွင် IT ပစ္စည်းများ ဆန်းသစ်တီထွင် လာကြပြီး Intel နည်းပညာ ကုမ္ပဏီကြီး မှလည်း ယင်းတို့၏ IntelAtomTMProcessor ပါဝင်သည့် Tablet သန်း ၄ဝ ကို နိုင်ငံတကာသို့ တင်ပို့သွားနိုင်ရန် ရည်မှန်းထားကြောင်း Intel ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Intel ၏ နည်းပညာသစ်များ ထည့်သွင်းထားသည့် Tablet များကို ၂ဝ၁၄ ခုနှစ်၏ တတိယ သုံးလပတ်အတွင်း သန်း ၃ဝ ကျော် ပမာဏအား နိုင်ငံတကာသို့ တင်ပို့နိုင်ခဲ့သည်။ နည်းပညာ ကုမ္ပဏီများအား အမှတ်ပေး အကဲဖြတ်သည့် Strategy Analytics ၏ အမှတ်ပေးမှုအရ Tablet များအတွက် Processor ထုတ်လုပ် ပေးသော ကုမ္ပဏီများတွင်  ဒုတိယနေရာ ရရှိခဲ့ကြောင်း  သိရ သည်။
၂ဝ၁၄ ခုနှစ်တွင် ဒီဇိုင်း အသစ်များ ထုတ်လုပ်ထားသည့် နည်းပညာ ပစ္စည်းများ ဖြစ်သော Acer Aspire Switch 10၊ Asus Memo Pad 7၊ LG Tab Book နှင့် To-shiba Dynabook Tab S3 စသည့် Tablet များတွင်လည်း Intel ကို အသုံးပြုထားကာ ၎င်းအနေဖြင့်  မိုဘိုင်းလ်စက်ပစ္စည်း မျိုးစုံအတွက် Chip များကို ဆက်လက် ထုတ်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။                      

No comments:

Post a Comment

back to top