Wednesday, December 31, 2014

အန်ဆယ်လော့တီနှင့် ရော်နယ်ဒို အကောင်းဆုံးဆုများ ရရှိ

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပသော Globe Soccer Awards ဆုပေးပွဲ၌ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက ယခုနှစ် အတွက် အကောင်းဆုံး နည်းပြဆု ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် အကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲလ် တိုက်စစ်မှူး ရော်နယ်ဒိုက ရရှိခဲ့သည်။
‘‘ရီးရဲလ်အသင်းကို ကိုင်တွယ်ရတာ တခြားအသင်းတွေထက် အများကြီးလွယ်ကူအောင် လုပ်ပေးတဲ့ ၀န်ထမ်းကောင်းတွေ၊ ကြီးကျယ်တဲ့ ကစားသမားတွေ ကျွန်တော်တို့မှာ အများကြီးရှိနေတော့ ဘ၀က လွယ်ကူပါတယ်’’ဟု ဆုပေးပွဲသို့ တက်ရောက်လာ သည့် အန်ဆယ်လော့တီက ပြောသည်။၂၀၁၄ ခုနှစ် အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည့် ရော်နယ်ဒိုက ယခု ရရှိသော ဆုမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘလွန်းဒီအောရရှိမည့် နိမိတ်ကောင်းတစ်ခု ဖြစ်သည်ဟု မျှော်လင့်ကြောင်း ပြောသည်။
ရော်နယ်ဒိုသည် လာမည့်လတွင် ကြေညာမည့် ဘလွန်းဒီအောဆုအတွက် မက်ဆီ၊ နူအာတို့နှင့် အတူ ဆန်ခါတင် ရွေးချယ်ခံထား ရသည်။ ရော်နယ်ဒိုသည် ပရိသတ်အကြိုက်ဆုံး ဘောလုံးသမားဆုကိုလည်း ရရှိခဲ့သည်။
‘‘ကျွန်တော့်ကို အားပေးတဲ့အတွက် ပရိသတ်တွေကို ကျေး ဇူးတင်ပါတယ်။ ကွင်းထဲမှာ အကောင်းဆုံး ခြေစွမ်းမျိုးနဲ့ ပရိသတ်တွေကို ကစားပြဖို့ ကျွန်တော်တို့ ကြိုးစားပါမယ်’’ဟု ရော်နယ်ဒိုက ပြောသည်။

No comments:

Post a Comment

back to top